ထိုင်းမင်းသမီးချောလေး Mai Davika က မြန်မာပရိသတ်တွေကြားမှာတော့ Pee Mak ဇာတ်ကားနဲ့ လူသိများတဲ့သူလေးဖြစ်ပါတယ်။ သူမရဲ့ ညို့ငင်စွမ်း ပြင်းလွန်းတဲ့ အကြည့်လေးတွေနဲ့ လူကို ငေးသွားလောက်စေမယ့် အပြုံးလေးတွေကြောင့် မင်းသမီးချောလေးတစ်လက်အဖြစ်လည်း ကျော်ကြားသူပါလည်း ဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit :  Davikah's IG Acc 

သူမက ကမ္ဘာတစ်ဝှမ်းလုံးထိပါ အောင်မြင်ကျော်ကြားသူလေးဖြစ်တဲ့အပြင် နာမည်ကြီး Brand တိုင်းရဲ့ Ambassador အဖြစ်ခန့်အပ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်။ Gucci ရဲ့ Brand Ambassador ဖြစ်တဲ့ Davikah လေးက အီတလီမှာကျင်းပနေတဲ့ Milan Fashion ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Davikah's IG Acc 
Photo Credit : Myanmar IU Lovers

အမြဲဖော်ရွေပြီး active ဖြစ်တဲ့ Davikah က Fashion ပွဲမှလည်း ကိုရီးယားမင်းသမီးချောလေး IU နဲ့တွေ့ပြီး သူမကိုယ်တိုင်စပြီး နှုတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ မွေးနေ့တူလေးနှစ်ယောက် မနှစ်ကလည်း Gucci ပွဲမှာဆုံခဲ့ကြပါသေးတယ်။ ဒီနှစ်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးသွားကြတဲ့ ပုံပါပဲ.. ချစ်ဖို့ကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Davikah's IG Acc 
Photo Credit : Davikah's IG Acc 
Photo Credit : Davikah's IG Acc 

သတင်းအရင်းမြစ်: Davikah's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။