ပရဟိတမင်းသမီးလေးလို့ နာမည်တွင်ရလောက်အောင် အများအကျိုးကိုသယ်ပိုးဆောင်ရွက်နေတဲ့သူကတော့ မင်းသမီးကြီးခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်လေးတွေကို အမြဲတမ်းဖြည့်ဆည်းပေးနေတဲ့ သူမက ရုပ်ရည်လေးလည်း ချောမောလှပသလို စိတ်ထားလေးလည်း ပြည့်ဝသူလေးလည်းဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc

သူမက ခိုင်ဂေဟာကို ထူထောင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံထားရတဲ့ကလေးလေးတွေကို ဖခင်တသွယ် မိခင်တမျိုး ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ကျန်းမာရေး စိုးရိမ်ရတဲ့ ပေါင်မပြည့်တဲ့ ကလေးလေးနှစ်ယောက်ကို ထပ်မံမွေးစားလိုက်တာဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc

ခိုင်နှင်းဝေက "နှစ်ယောက်ပေါင်းလို့မှ (၅)ပေါင်မပြည့်တဲ့ အကို နှစ်ယောက် အတွက် ဆေးရုံပို့ဘို့ ပြင်ဆင်ရပါတယ်ရှင်..တစ်ယောက်က စွန့်ပစ်ခံရပြီး နောက်တစ်ယောက်ကတော့ ဥက္ကံဘက်မှ စိတ်မနှံ့အမျိုးသမီးတစ်ဦး မွေးတဲ့ အတွက် ကျမဆီ လာရောက် အပ်နှံခြင်းဖြစ်ပါတယ်..တချိန်ထဲ ပေါင်မပြည့်တဲ့ ကလေး (၂) ယောက်ဆိုတော့ ဂေဟာက ဆရာမလေးတွေ မျက်ခုံးလှုပ်ရတဲ့ အချိန်လေးပါ..ပေါင်မပြည့်တဲ့ ကလေးလေးတွေမို့ ကျန်းမာရေး အရေးကြီးတဲ့အတွက် မေတ္တာပေးလို့ ဆုတောင်းပေးကြပါဦးရှင်..❤️❤️" ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc
Photo Credit : Khine Hnin Wai's FB Acc

သတင်းအရင်းမြစ်: Khine Hnin Wai's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။