ရွှေမင်းသားလေးချစ်ပုံပြင်ဇာတ်လမ်းနဲ့ မြန်မာပရိသတ်တွေကြားမှာ ရီဂူးလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသား Kim Jeong Hoon ဟာဆိုရင် တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့သလောက် ရစရာမရှိအောင် နာမည် ပျက်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 

Kim Jeong Hoon က ဉာဏ်ကောင်းလွန်းတဲ့သူဖြစ်ပြီး နာမည်ကြီး သွားဆေးတက္ကသိုလ်မှာ ကျောင်းနေခဲ့တဲ့သူဖြစ်တာကြောင့် သူ့ကို sexy brain man လို့တောင်ခေါ်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ Kim Jeong Hoon ရဲ့ ရည်စားဟောင်းဖြစ်သူက သူမကို Kim Jeong Hoon က ကိုယ်ဝန်ဖျက်ချဖို့အတွက် အတင်းစေခိုင်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Kim Jeong Hoon က ရည်းစားဟောင်းဖြစ်သူကို အိမ်ငှားခတွေအထိ မပေးခဲ့ဘဲ အဆက်အသွယ်ဖျက်ခဲ့တယ်လို့ စွပ်စွဲခြင်း ခံခဲ့ရပါတယ်။ 

Google 
Google 

အဆိုပါ ပြစ်မှု ဖြစ်ပြီးတဲ့နောက်မှာ Kim Jeong Hoon ကို ပရိသတ်တွေက ဝိုင်းပြီး ဝေဖန်ခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းက Kim Jeong Hoon က သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေအားလုံးကို ရပ်တန့်ခဲ့ပြီး ပရိသတ်တွေ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

Google 

Kim Jeong Hoon က ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း အနုပညာလှုပ်ရှားအားလုံးကနေ ပျောက်ကွယ်သွားတဲ့ အကြောင်းအရင်းက အဆိုပါပြစ်မှုကြောင့်ဆိုတာ တော်တော်များများ မသိကြပါဘူး။Kim Jeong Hoon က အနုပညာလှုပ်ရှားမှုတွေ ရပ်နားလိုက်ပေမယ့် လူမှုကွန်ရက်စာမျက်နှာကိုတော့ အမြဲအသုံးပြုနေကြပဲ ဖြစ်ပါတယ်။

Google 
Google 
Google 

တစ်ချိန်က နာမည်ကြီးခဲ့ပေမယ့် ပရိသတ်တွေရှေ့ကနေ လေလိုမျိုး ပျောက်ကွယ်သွားခဲ့တဲ့ တစ်ချိန်တစ်ခါက နာမည်ကြီး မင်းသားအကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

Kim Jeong Hoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။