တောင်ကိုရီးယားမင်းသားကြီး Daniel Henney ဟာဆိုရင် အချိန်ကာလ ကြာမြင့်စွာ အနုပညာလှုပ်ရှားမှု ပေါ်ကနေပျောက်ကွယ်သွားပြီးနောက်မှာ ဇာတ်လမ်းတွဲထဲ ပြန်ပြီး ပါဝင်တော့မှာ ဖြစ်ပါတယ်။Daniel Henney ကCooperation 2: International ဇာတ်လမ်းတွဲမှာ တောင်ကိုရီးယား နာမည်ကြီးမင်းသား Hyun Bin နဲ့ အတူတွဲပြီးသရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Daniel Henney က Hyun Bin နဲ့အတူတွဲ သရုပ်ဆောင်ခဲ့ရတဲ့အတွက် အရမ်းကို ဝမ်းသာ ပျော်ရွှင်ကြောင်း ၊ Hyun Bin က ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်တာ အရမ်းတော်ကြောင်း ၊ ဇာတ်လမ်းရိုက်ကူးနေစဉ်မှာ သူကိုယ်တိုင် စိတ်ဖိစီးသလိုမျိုး ဖြစ်ခဲ့ကြောင်း ၊ ဒါပေမယ့်လည်း သိပ်ပြီး မကြာခင်မှာ သက်တောင့် သက်သာရှိခဲ့ကြောင်း ၊ အမှားတွေ လုပ်ခဲ့ပေမယ့်လည်း Hyun Bin က အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြောင်း ပြောခဲ့ပါတယ်။

Daniel Henney က လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းကလည်း My Name is Kim Sam-soon ဇာတ်လမ်းတွဲမှာ Hyun Bin နဲ့အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Cooperation 2: International ဇာတ်လမ်းက သူတို့ နှစ်ယောက်ရဲ့ဒုတိယ အကြိမ် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

Cooperation 2: International ဇာတ်လမ်းတွဲက တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ Hyun Bin နဲ့Daniel Henney တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ကားဖြစ်ပါတယ်။

နာမည်ကြီး မင်းသား ၊မင်းသမီးတွေကို ထည့်သွင်း အသုံးပြုထားတာကြောင့် ဇာတ်လမ်းတွဲ ထွက်ရှိလာရင် ကြည့်ဖို့အတွက်လည်းပရိသတ်တွေ များစွာက စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ Daniel Henney က အမေရိကန် လူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး စပိုင်ချစ်သူ မင်းသားလိုမျိုး တောင်ကိုရီးယားဇာတ်လမ်းတွဲ အများစုမှာလည်း ပါဝင်သရုပ်ဆောင်လေ့ ရှိတဲ့သူဖြစ်ပါတယ် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။