စက်တင်ဘာ(၈)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အသက်(၉၆)နှစ်အရွယ် ရှိ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) ရဲ့ ဈာပနအခမ်းအနားကို ယမန်နေ့ စက်တင်ဘာ(၁၉)ရက်နေ့ က ကအင်္ဂလန်နိုင်ငံမှာ ကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို တော်ဝင်မိသားစုများ ၊ အင်္ဂလန်ပြည်သူများအပြင် နိုင်ငံခေါင်းဆောင်များပါတက်ရောက်ခဲ့ပါတယ်။

Photo Credit From Original Uploader

ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို အမေရိကန်သမ္မတ Joe Biden ၊ ပြင်သစ်သမ္မတ Emmanuel Macron ၊ လေဘာပါတီခေါင်းဆောင် Keir Starmer ၊ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern၊ ဂျပန်ဧကရာဇ် Naruhito၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ တူရကီသမ္မတ Recep Tayyip Erdoğan တို့ က တက်ရောက်လာခဲ့တယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ကမ္ဘာကျော် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့ရုံသာမက ဘုရင်မကြီးရဲ့ တော်ဝင်မိသားစုများ နှင့်အတူ စပိန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နှင့် နယ်သာလန်နိုင်ငံတို့မှ တော်ဝင်မိသားစုများမှလည်း တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အင်္ဂလန်ပြည်သူများကလည်း အုပ်အော်သောင်းနင်း လာရောက်ဂါရဝပြုကြတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။