မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာထိပ်မှာ ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်တုန်းက ခရီးသည်တင် Express ကား ၂ စီး နှင့် ကန်တာဒိုင်နာယာဉ် ၁ စီးတို့ တိုက်မိကြပြီး အလောင်း ၁၁လောင်း ရရှိထားကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၀ ကျော်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အလောင်း သေဆုံးသွားသူ ၁၃ ဦး ရှိသွားပြီလို့ သိရပါတယ်။ 

Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader

မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ယာဉ်များက ပုဂံမင်းသားခရီးသည်တင်ကား ၊ သန်မြန်သူခရီးသည်တင်Express ကား နှင့် ကန်တာဒိုင်နာယာဉ် ၁ စီးတို့ ဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသူ ၁၁ လောင်းရှိထားကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထက်ရှိနိုင်တယ်လို့ သိရပါတယ်။ တန်းကျိုးထားတဲ့ကားကို ပုဂံမင်းသား ခရီးသည်တင်ယာဉ်ကနောက်ကနေ ကျော်တက်လိုက်တဲ့အချိန်မှာ တစ်ဖက်ယာဉ်ကြောကနေလာတဲ့ သန်မြန်သူ Express ယာဉ်နဲ့မျက်နှာချင်းဆိုင် တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader

ယာဉ်တိုက်မှုဖြစ်စဉ်က ကြုံတွေ့ခဲ့ရတဲ့အထဲမှာ တော်တော်လေး ကြီးမားတဲ့ ဖြစ်စဉ်ကြီး ဖြစ်ပြီး လမ်းမကြီးပေါ်မှာလူသေအလောင်းတွေနဲ့ အပြည့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကြေကွဲစရာ ဖြစ်စဉ်ကြီး ဖြစ်ဖြစ်ချင်းမှာ ကယ်ဆယ်ရေး အဖွဲ့တွေက တတ်နိုင်သမျှ ကူညီပေးခဲ့ကြပါတယ်။ 

Photo credit to original uploader
Photo credit to original uploader

ခရီးသည်တင်ကား ၂ စီးမှာ အနည်းဆုံး လူ ၆၀ နီးပါး လိုက်ပါလာကြတယ်လို့ ခန့်မှန်းထားကြပြီး လက်ရှိအချိန်အထိ သေဆုံးသွားတဲ့သူ ၃၀ ဦး ရှိသွားပြီလို့ သိရပါတယ်။ ကျောက်ပန်းတောင်း ၊ မိထ္ထီလာကားလမ်းပိုင်းမှာ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အခုတစ်ခေါက်ယာဉ်တိုက်မှုကတော့ လူအသေအပျောက် အများဆုံးနဲ့ အပျက်အစီးအများဆုံးဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။