ထူးခြားလွန်းတဲ့ အဆောက်အဦးတွေကြောင့် လူသိများတဲ့ ဒူဘိုင်းဟာ ကမ္ဘာ့ အနာဂတ်မြို့တော်ကို ဖန်တီးတည်ဆောက်တည်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ယခုမှာလည်း ဒူဘိုင်းအခြေစိုက် ဗိသုကာလုပ်ငန်းကုမ္ပဏီ ZNera Space က ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို ဝန်းရံပြီး အာကာသ မိုးမျှော် ပန်းခြံ ကြီးတစ်ခုကို တည်ဆောက်ဖို့ အိပ်မက်မက်ကြပြန်ပြီဖြစ်ပါတယ်။
ဒါကတော့ ဘာ့ဂ်ျ ခါလီဖာ တစ်ဝိုက်မှာ မြို့အတွက် ခေတ်ပြိုင်သင်္ကေတအသစ်အနေနဲ့ တည်ဆောက်မှာ ဖြစ်ပြီး သူ့ကို “ "Downtown Circle" လို့ အမည်ပေးထားပါတယ်။ ဖော်ပြလာတဲ့ ပရောဂျက်မှာတော့ အဆောက်အဦးရဲ့ ဇီဆိုင်းဖွဲ့စည်းပုံက အရှည်း ၅၅၀ မီတာအရှည်ရှိတဲ့ ဧရာမကွင်းကို မြင့်မားတဲ့ ထောက်တိုင် လေးတိုင်ပါဝင်ပြီး ရေအိုးစင်းနဲ့တူတဲ့ အာကာသ အဆောက်အဦးပုံစံ ရေးဆွဲထားတာ ဖြစ်ပါတယ်။
ဒီပရောဂျက်ဟာ ကမ္ဘာ့လူဦးရေ စဉ်ဆက်မပြတ် မြင့်တက်လာမှုကို တုံ့ပြန်နိုင်ပြီး ဒူဘိုင်းရဲ့ မြို့ပြတိုးတက်ပြောင်းလဲလာမှုကို ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ အဆိုပါ မိုးမျှော် ပန်းခြံကနေ သဘာဝရဲ့ ရှုခင်းများကို ကောင်းစွာခံစားနိုင်ပါတယ်။ ဒါ့အပြင် ဒီထဲမှာ အများသူငှာများ စီးပွားဖြစ် လုပ်ကိုင်နိုင်တဲ့ လူနေအခန်းကြီးများနှင့် ရုံးခန်းများ ၊ အိမ်ရာများ ထည့်သွင်းပေးထားပါတယ်။
လာရောက် လည်ပတ်သူများအနေနဲ့ သဘာဝအတိုင်း ဖန်တီးထားတဲ့ ချောက်များ၊ သဲသောင်များနှင့် မတူညီတဲ့ ရာသီဥတုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ပန်းခြံအတွင်းမှာလည်း ရွှံ့ညွန်များ၊ ရေတံခွန်များ၊ အပူပိုင်းဒေသ အသီးအရွက်များ၊ ဒစ်ဂျစ်တယ်လိုဏ်ဂူများ၊ သစ်သီးပင်များလည်း ပါဝင်ပါတယ်။ အဆိုပါမြို့လယ်အဝိုင်းစီမံကိန်းဟာ ရေရှည်တည်တံ့ပြီး ကိုယ်ပိုင်လုံလောက်တဲ့ ဒေါင်လိုက်မြို့ပြစနစ်ကို ထူထောင်ဖို့ ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်စေတဲ့ အလွန်ထိရောက်သော မြို့ပြစင်တာတစ်ခု ဖန်တီးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
သတင်းအရင်းမြစ်: Source - CNN
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။