ဗြိတိန်ပြည်ထောင်စုကြီးကို နှစ်ပေါင်း ၇၀ အုပ်စိုး ခဲ့တဲ့ အသက် ၉၆ နှစ်အရွယ် ဘုရင်မကြီး Elizabeth II ဟာ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကွယ်လွန်ဆုံးပါးသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဘုရင်မကြီး Elizabeth II က ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက အုပ်ချုပ်ခဲ့တာဖြစ်လို့ သူမရဲ့ နန်းသက်တမ်းက ၇၀နှစ်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကွယ်လွန်ဆုံးပါးသွားချိန်မှာ ဘုရင်မကြီး Elizabeth II ရဲ့ အသက်က ၉၆ နှစ်အရွယ်ရှိသွားပြီပဲ ဖြစ်ပါတယ်။ 

Google 

ဘုရင်မကြီး Elizabeth II က ဖခင်ဖြစ်သူ ဂျော့ချ် VI ကွယ်လွန်သွားပြီးတဲ့နောက် ၁၉၅၂ ခုနှစ်မှာ ထီးနန်းဆက်ခံခဲ့တဲ့သူဖြစ်ပါတယ်။ ဘုရင်မကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးအခင်းများ ၊ အုံကြွမှုများနဲ့ ပြည်တွင်းအရှုပ်တော်ပုံများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ပြီး ဘုရင်စနစ် ကို ခေတ်မီအောင် လုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

Google 

ဘုရင်မကြီးက မကြာသေးမီ ရက်ပိုင်းအတွင်းမှာ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဆရာဝန်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Google 

ဘုရင်မကြီး နာမကျန်းဖြစ်နေသည့် သတင်း ထုတ်ပြန်ပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Google 
Google 

ဘုရင်မကြီး Elizabeth II ကွယ်လွန်ဆုံးပါးသွားပြီတဲ့နောက်မှာ ပြည်သူအများစုက များစွာ စိတ်မကောင်း ဖြစ်နေကြပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။