ယမန်နေ့ သြဂုတ်လ၂၈ ရက်နေ့ ၊ နေ့လည် ၃ နာရီ အချိန်က ပြည်မြို့နဝဒေးတံတားပေါ်ကနေ အသက် ၂၄ နှစ်အရွယ်မိခင်တစ်ဦး မှ အသက် ၃ နှစ်အရွယ်ကလေးငယ်ကိုချီကာ ခုန်ချသေကြောင်း ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Photo credit to original uploader 

 အဆိုပါ သားအမိက ဆိုင်ကယ်ကိုရပ်ပြီး ကလေးလေးကို ချီကာ တံတားပေါ်ကနေ ရုတ်တရက် ခုန်ဆင်းသွားကြတာလို့ သိရပြီး ချက်ချင်းဆိုသလို လှေနဲ့ သွားကယ်ကြပေမယ့် အသက် မမှီခဲ့ဘူးလို့ သိရပါတယ်။ခုန်ချသွားသူ မိခင်ချွတ်ခဲ့တဲ့ ဖိနပ်ပုံလေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

Photo credit to original uploader 

သားအမိ နှစ်ယောက်ရဲ့ အလောင်းကို ရှာဖွေရာမှာလည်း ရေစီးအရမ်းသန်နေတာကြောင့် အလောင်းကို ရှာမတွေ့နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ကလေးမလေးရဲ့ ရုပ်အလောင်းကို ရန်ကုန်ကို သွားတဲ့တံတားဘက်အခြမ်းမှာ တစ်ချက်တွေ့လိုက်ပေမယ့် ဆက်မြုပ်သွားခဲ့ပြီး ရေစီးနဲ့ မျောသွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ သိရပါတယ်။  

Photo credit to original uploader 
Photo credit to original uploader 

တံတားပေါ်ကနေ ခုန်ချသွားခဲ့တဲ့ သားအမိ နှစ်ယောက်က ပြည်မြို့မှာ နေထိုင်သူတွေဖြစ်ကြပြီး သေဆုံးသွားပြီလို့သတ်မှတ်ထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။