F4 ချစ်သူဇာတ်လမ်းထဲမှာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်တဲ့ Kim Bum ဟာဆိုရင်ပွဲဦးထွက်ကတည်းကNetizen တွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့သူဖြစ်ပါတယ်။ အပြုံးမင်းသားလေး Kim Bum က F4 ချစ်သူ ဇာတ်လမ်းတွဲ အပြီးမှာလည်း ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သူ့ရဲ့ ဇာတ်လမ်းတွေက ပရိသတ်တွေရဲ့အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ 

Google 
Google 

Kim Bum ရဲ့ လက်ရှိအသက်က ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်လည်း မပြုရသေးပါဘူး။တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ ပျော်ရွှင်စွာနေထိုင်နေတဲ့ Kim Bum ရဲ့ လက်ရှိပုံရိပ်ဟာဆိုရင်လည်း ငယ်ငယ်တုန်းကလည်းကွာခြားခြင်း မရှိဘဲ နုပျိုနေတုန်းပဲ ဖြစ်ပါတယ်။ 

Google 

Kim Bum ရဲ့ လက်ရှိပုံရိပ်လေးတွေကို မင်းသားကြီး လီဗြောင်ဟွန်းရဲ့မိန်းမ လီမင်းဂျန်းက သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ 

Google 

သူတို့နှစ်ဦးက ရင်းနှီးကြတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေတွေဖြစ်ကြပါတယ်။ နှစ်ဦးစလုံးက F4 ချစ်သူ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးကြတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှု များစွာ ရရှိနေပါတယ်။ 

Google 
Google 
Google 

ဓာတ်ပုံလေးထဲမှာ Kim Bum က ငယ်ရွယ်နုပျိုနေပြီး အသက် ၂၀ ကျော်တုန်းကနဲ့ ကွာခြားခြင်းမရှိ ခန့်ညားနေပါတယ်။ တစ်ခေတ်တစ်ခါက ကောင်မလေးတွေရဲ့ အသည်းစွဲ အိုးမင်းသားလေး Kim Bum ရဲ့ လက်ရှိပုံရိပ်လေးကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။