ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးဘုရားလမ်းမပေါ် (ဂမုန်းပွင့်ကုန်တိုက်အနီး ) မှာရှိတဲ့ လူကူးခုံးကျော်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခု န်ချကာ သက်သေရန် ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်က ဒီကနေ့  သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုန်ချသွားသူအမျိုးသား ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo Credit to original uploader 

သေကြောင်းကြံစည်ခဲ့သူ အမျိုးသားရဲ့ နာမည်နဲ့ နေရပ်လိပ်စာ အချက်အလတ်များကို အခုအချိန်အထိ မသိရသေးဘူးလို့ သိရပါတယ်။ ခုန်ချသွားခဲ့သည့် အချိန်အတိအကျက နံနက် ၁၁ နာရီ အချိန်ဝန်းကျင်မှာ ဖြစ်တယ်လို့သိရပြီး ခုံး တံတားပေါ်မှာ လူရှင်းနေသည့် အချိန် ဖြစ်ပါတယ်။ 

Photo Credit to original uploader 

အရေးပေါ်ကယ်ဆယ်ရေး ကားများက မိနစ် ၂၀ ခန့်အကြာမှ ရောက်ရှိလာကြပြီး လူနာများကို သယ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့အဆိုအရ သိရပါတယ်။ သေကြောင်းကြံစည်ခဲ့သူ အမျိုးသားဟာ ခက်ခဲတဲ့နေ့စဉ်ဘဝ အခြေအနေကြီးကနေ ရုန်းမထွက်နိုင်တော့တာကြောင့် ဘဝကြီးကို အခုလိုမျိုး အရှုံးပေးခဲ့တာဖြစ်တယ်လို့ ယူဆထားကြပါတယ်။

Photo Credit to original uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။