ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ငါးဖမ်းထွက်နေကြသည့် ရေလုပ်သားများ ပြန်အလာကိုစိုးရိမ်တကြီး စောင့်မျှော်နေကြသည့် မိသားစုဝင်များရဲ့ ပုံရိပ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးလူပြောများနေခဲ့ပါတယ်။ 

Photo credit to original uploader 

အဆိုပါ မြင်ကွင်းပုံရိပ်က ရခိုင်ပြည်နယ် ၊ သံတွဲမြို့၊ ငပလီကမ်းခြေ ၊ ဂျိတ္တော ပင်လယ်ပြင်မှာဖြစ်ပြီး မိသားစုဝင်တွေက ပင်လယ်ပြင်အထိ စိုးရိမ်တကြီးသွားရောက်စောင့်မျှော်နေကြတာဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေကို လှေတစ်စီး စိုက်ကပ်လားရင်ဖြင့် ကိုယ့်လူများ ပါလာမလားဆိုပြီး စောင့်မျှော်နေကြတဲ့ မိသားစုဝင်တွေရဲ့ ပုံရိပ်ဟာတကယ်ကို ရင်ထဲ စို့နင့်စရာ မြင်ကွင်းကြီး ဖြစ်ပါတယ်။ 

Photo credit to original uploader 

ရေလုပ်သားများက ဂျိတ္တောကမ်းခြေကနေ မာန်အောင်ကျွန်း အထိ သွားရောက် ငါးဖမ်းကြရတာဖြစ်ပြီး ပြန်မလာကြသေးတာ ၂ ရက် ၃ ရက်လောက် ကြာမြင့်နေပြီလို့ သိရပါတယ်။ 

Photo credit to original uploader 

ပင်လယ်ပြင်မှာ လေမငြိမ်ဘဲ လှိုင်းကြီးနေပြီး မုန်တိုင်းလည်းရှိနေခဲ့တာကြောင့် မိသားစုဝင်များအနေဖြင့်  ပြန်မလာသေးတဲ့ ရေလုပ်သားများအတွက် များစွာစိုးရိမ် ပူပန်နေကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။