မွန်ပြည်နယ်မှာ ယမန်နေ့ သြဂုတ်လ (၁၅) ရက်နေ့ ၊ ညပိုင်းကစပြီး မိုးအဆက်မပျက်ရွာသွန်းမှုများ ဖြစ်ပေါ်နေတာကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် ပြည်သူများ အနေနဲ့ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader
Photo Credit to Original Uploader
Photo Credit to Original Uploader

လက်ရှိမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေက မော်လမြိုင် ၊ ပေါင် ၊ ကျိုက်မရောနဲ့ မုဒုံမြို့နယ်တွေ ဖြစ်တယ်လို့ သိရပြီး ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတာကြောင့် မြေနိမ့်ပိုင်း နေအိမ်တွေထဲမှာ ရေဝင်တာတွေ အထိ ရှိတယ်လို့ သိရပါတယ်။ ရေဘေးအသင့်ခံရတဲ့ နေအိမ်တွေမှာရှိတဲ့ ပြည်သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် နီးစပ်ရာနေရာတွေကို ရွှေ့ပြောင်းနေထိုင်ရပြီး ပရဟိတ အဖွဲ့တွေလည်း စားသောက်စရာတွေ ကူညီဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader

မွန်ပြည်နယ်ဟာ မိုးတွင်းကာလမှာ နှစ်စဉ်နှစ်တိုင်း မိုးရေချိန်မြင့်မားပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တတ်တဲ့ ဒေသဖြစ်ပါတယ်။ 

Photo Credit to Original Uploader

ရေကြီးရေလျှံမှုတွေကြောင့် တောင်ပြိုတာနဲ့ မြေပြိုတာတွေအထိ ဖြစ်လေ့ဖြစ်ထရှိတာကြောင့် ပြည်သူတွေအတွက်အခုလို ရေကြီးတဲ့ ဖြစ်စဉ်က အရမ်းတော့ မထူးဆန်းတော့ပါဘူး။ မိုးများတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မွန်ပြည်နယ်က နေရာ အချို့ရဲ့ မြင်ကွင်း ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။