ရွှေပြည်သာ မှ ဒဂုံဧရာ အဝေးပြေး သို့ ပြေးဆွဲနေတဲ့ YBS 42 ယာဉ်လိုင်း ယာဉ်အမှတ် (6p / 6057 ) ပေါ်မှာ ဒီကနေ့ ဇူလိုင်လ (၃၀) ရက်နေ့ နေ့လည် (၂) နာရီခန့်က အနုကြမ်းစီးခံလိုက်ရတယ် လို့ ပြည်သူများထံမှ သိရပါတယ်။

Photo Credit From Original Uploader

အဆိုပါ YBS 42 ယာဉ်ဟာ မြောက်ဥက္ကလာပမြို့နယ် ၊ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရ​တာဖြစ်ပြီး အဆိုပါမှတ်တိုင်ရောက်တာနဲ့ လူ (၁၅) ဦးလောက် ကားပေါ် တစ်ပြိုင်နက် တက်လာကြောင်း ၊ နဂိုစီးနင်းလိုက်ပါလာသူခရီးသည် ဦးရေ ဟာ ဆယ်ယောက်တောင်မပြည့်ပေမယ့် အဆိုပါ ခရီးသည်တွေကို ဓားထောကာ အကုန်လုယူသွားကြောင်း ၊ ရွှေငွေ နဲ့ တန်ဖိုးကြီး ပစ္စည်းများ ၊ ဖုန်းများပါသွားကြောင်းသိရပါတယ်။

Photo Credit From Original Uploader

လတ်တလောမှာလည်း YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်မှုများ အတော်လေး အဆက်မပြတ်ဆိုသလိုဖြစ်ပွားနေကြပြီး လမ်းမများပေါ်တွင်လည်းပေါ်တင်လုယက်နေကြကြောင်း ပြည်သူများထံမှ သိရပါတယ်။

Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။