မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ရွှေတောင်ရပ်ကွက်၊ အထက်လမ်းမကြီးမှာ ရှိတဲ့ အထက ၅ စာသင်ကျောင်း အုတ်တံတိုင်းဟာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြိုကျခဲ့ပြီး လူအမြောက်အမြား ဒဏ်ရာရကာ လူသေဆုံးမှုအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာ အပြင်း အထန် ရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader

ကျောင်းအုတ်တံတိုင်း အနီးမှာ လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဆိုင်များ ကပ်ပြီး ဖွင့်ထားတာကြောင့် အုတ်တံတိုင်း ပြိုကျတဲ့အခါမှာ အခုလိုမျိုး လူသေဆုံးမှုများ ဖြစ်ခဲ့တာလို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ မိုးများစွာ ရွာသွန်းမှုကြောင့် မိုးရေများနဲ့ အိစင်းပြီး အုတ်တံတိုင်း ပြိုကျမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အုတ်တံတိုင်းရဲ့ သက်တမ်းကလည်း ကြာနေပြီဖြစ်တာကြောင့် မိုးရေများနဲ့  ဆွေးမြေ့နေပြီး အခုလိုမျိုး ပြိုကျပျက်စီးသွားခဲ့ရတာ ဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေက ဆိုထားကြပါတယ်။ အုတ်တံတိုင်း ပြိုကျမှုကြောင့် စုစုပေါင်း ၅ ယောက် သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader
Photo Credit to Original Uploader

အခင်း ဖြစ်ပြီးပြီးချင်းမှာ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ဒဏ်ရာရသူတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးထားပြီး ဆေးရုံကို အချိန်မီ ပို့ပေးခဲ့ကြပေမယ့် ကံဆိုးစွာနဲ့ပဲ လူ ၅ ယောက်ကတော့ အသက်သေဆုံးသွားခဲ့ကြပါတယ်။ မော်လမြိုင် အထက ၅ စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျမှု မြင်ကွင်းပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit to Original Uploader
Photo Credit to Original Uploader
Photo Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။