ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ၊ သောကြာနေည သန်းခေါင်ယံအချိန်မှာ ဒန်ဗာအရှေ့ပိုင်း ၊ ဆီးနီးယားလမ်းမပေါ်က ပစ်ခတ်မှုကြောင့် အပြစ်မဲ့ မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်သူ မခိုင်ဆိုသူ အသက်ဆုံးပါးသွားခဲ့ရတယ်လို သိရပါတယ်။

Google

မခိုင်ဟာ အမေရိကန်နိုင်ငံရောက် မြန်မာလူမျိုးများကို ကူညီပေးနေတဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းကနေ အမေရိကားကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သား ၄ ယောက်နဲ့အတူနေထိုင်တဲ့ မခိုင်ဟာ မကြာသေးမီကလည်း တော်ဝင် စားသောက်ဆိုင်ကို ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။ ကူညီတတ်ပြီး စိတ်ကောင်းရှိတဲ့ သူဖြစ်တာကြောင့် လူချစ်လူခင် ပေါများတဲ့ မခိုင်တစ်ယောက် ဘာကြောင့် အခုလို ဖြစ်ခဲ့တာလဲဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။

Google

သောကြာနေ့ညတုန်းက အမေရိကားမှာ သေနတ်နဲ့ အပစ်ခံရမှု စုစုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သေဆုံးခဲ့တဲ့သူက မခိုင်တစ်ယောက်ပဲဖြစ်ပါတယ်။ သေနတ်နဲ့အပစ်ခံခဲ့ရတုန်းက မခိုင်ဟာအသက် ၂၀ အရွယ်ဖြစ်သူ သားဖြစ်သူက လက်ထဲမှာ အရေးပေါ်ကားကို စောင့်နေရင်း အသက်မမီဘဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ပစ်ခဲ့မှု ဖြစ်ပွားတုန်းက ၉၁၁ အရေးပေါ်ကားကို ၅ ကြိမ်ခေါ်ဆိုခဲ့ပေမယ့်လည်း ဖုန်းချပစ်ခြင်း ခံခဲ့ရတယ်လို့ သတင်းဌာနများက ဖော်ပြထားပါတယ်။

Google

အမေရိကန်ရောက် မြန်မာလူမျိုးတွေရဲ့ အခက်အခဲတွေကို ထောက်တိုင်တစ်ခုလိုမျိုး ကူညီပေးတတ်တဲ့ မခိုင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်း မခိုင် ကွယ်လွန်သွားတဲ့ သတင်းကို စိတ်မကောင်းဖွယ်ရာလေး ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။