ရာသီကြိုခြေစမ်းပွဲအဖြစ် ယနေ့ ဇူလိုင် ၁၅ ရက်နေ့မှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ နှင့် မဲလ်ဘုန်းဗစ်ထရီ တို့ပွဲစဥ်မှာ မန်ချက်စတာက (၄ - ၁)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ပထမပိုင်း ပွဲစလို့ ၅ မိနစ်လောက်မှာပဲ မဲလ်ဘုန်းဗစ်ထရီအသင်းက ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit - Manchester United
Photo Credit - Manchester United

မန်ချက်စတာ အသင်းကတော့ သွင်းဂိုးများကိုတော့ ပထမပိုင်း ၄၃ မိနစ်မှာ တွမ်မီနေးက ခြေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲချိန် ၄၅+၁ မိနစ်မှာ နောက်ထပ်ဂိုးကို မာစီယဲလ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Manchester United
Photo Credit - Manchester United

နောက်ထပ် မန်ချက်စတာရဲ့ အနိုင်ဂိုးများကတော့ ပွဲချိန် ၇၈ မိနစ်မှာ ရပ်ရှ်ဖို့ဒ် ၊ ပွဲချိန် ၉၀ မိနစ်မှာ လူပန်ကူလ်တို့ သွင်းယူပေးခဲ့တာပါ။နည်းပြကြီး တန်ဟတ်ရဲ့ မန်ချက်စတာဟာ ယခုပွဲစဥ်အပါအဝင် ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲဆက်တိုက်ကို ဂိုးပြတ်အနိုင်ရရှိပြီး ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာဟာ ပထမဆုံး ခြေစမ်းပွဲကို ဘန်ကောက်မှာ လီဗာပူးအသင်း ယှဥ်ပြိုင်စကားပြီး ယခု ဒုတိယပွဲစဥ်ခြေစမ်းပွဲကိုတော့ သြစတေးလျမှာ ယှဥ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Manchester United
Photo Credit - Manchester United

သတင်းအရင်းမြစ်: Source - UK Match Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။