ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေးဟာ ယမန်နေ့ နေ့လည် ပိုင်းက ဂျပန်နိုင်ငံ ၊ နရာမြို့ ၊ အထက်လွှတ်တော်ရှေ့နေ ရွေးကောက်ပွဲမှာ အမတ်လောင်းတစ်ဦးကို ကူညီမဲဆွယ်စည်းရုံးပေးရင်း သေနတ်ဖြင့် အပစ်ခံရကာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့သူက အသက် ၄၁ နှစ်အရွယ် Yamagami ဆိုသူ အမျိုးသား ဖြစ်ပြီးနိုင်ငံရေးကြောင့် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုကြောင့် အခုလိုမျိုး သေနတ်နဲ့ ပစ်ခဲ့ တာလို့ ဆိုထားပါတယ်။ 

Google
AP

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေးဟာ ကွယ်လွန်သွားချိန်မှာ အသက် ၆၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ၈ နှစ်အကြာ ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ အသက်ရှိစဉ်အချိန်မှာ လူချစ်လူခင် ပေါများခဲ့တဲ့သူဖြစ်တာကြောင့် ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ကွယ်လွန်သွားချိန်မှာဂျပန်ပြည်သူအများအပြားဟာ ယူကြုံးမရ ဖြစ်ခဲ့ကြပါတယ်။ 

AP
AP
AP

ဂျပန်ပြည်သူ အများအပြားဟာ သူတို့ ချစ်ရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး ကွယ်လွန်သွားခဲ့တဲ့ရထားဘူတာရုံ အပြင်ဘက်နေရာလေးမှာ ဝမ်းနည်းကြောင်း သင်္ကေတအနေနဲ့ ပန်းလေးတွေ လာရောက်ချပေးခဲ့ကြပါတယ်။ 

AP
AP
AP
AP
AP
AP

ချစ်ခင်လေးစားရတဲ့သူကို ဆုံးရှုံးခဲ့ရတာကြောင့် ယူကြုံးမရဖြစ်နေကြတဲ့ ဂျပန်ပြည်သူများရဲ့ ပုံရိပ်များဟာ ချက်ချင်းဆိုသလိုပဲ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ 

AP
AP

(Photos: AP, AFP)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။