တစ်ခေတ်တစ်ခါက မိမိမိုက်မိုက် ခန္ဓာကိုယ်အလှ ၊ လှတာထက် ပိုတဲ့ ဟော့ တယ်ဆိုတဲ့ အလှတရားနဲ့ပြည့်စုံပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ယနေ့အချိန်အထိ သိမ်းပိုက်ထားတဲ့ အနုပညာရှင်ကတော့ မင်းသမီးချော လင်ဆေးလိုဟန်ပါပဲ။

Photo Credit from Original Uploader
Photo Credit from Original Uploader

မင်းသမီးချော လင်ဆေးလိုဟန်ဟာ ယမန်နေ့ ဇူလိုင်(၂)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ (၃၆) နှစ်ပြည့်မွေးနေ့မှာ သူမနဲ့ တွဲနေတာကြာပြီဖြစ်တဲ့ ဘာဒါရှမ်မာ့စ်နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း အင်စတာဂရမ်ကနေ ကြေညာပါတယ်။ သူမရဲ့ ကြေညာချက်ကို ပရိသတ်တွေကလည်းအရမ်းကို သဘောကျနေကြပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader

လင်ဆေးလိုဟန် က သူမရဲ့ အင်စတာဂရမ်မှာ "ကျွန်မက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအမျိုးသမီးပါ။ ရှင် ကျွန်မကိုတွေ့ချိန်မှာပဲ ကျွန်မဟာ ပျော်ရွှင်မှုနဲ့ ကျက်သရေရှိမှုတွေကို တစ်ချိန်တည်းမှာ ရှာချင်တယ်ဆိုတာ ရှင်သိခဲ့တယ်။ ကျွန်မဘဝ နဲ့ ကျွန်မ ရဲ့ အရာရာဖြစ်တဲ့ အမျိုးသားရေ...ရှင်က ကျွန်မ ခင်ပွန်းဖြစ်တာကို ကျွန်မတကယ်ဝမ်းသာရပါတယ်" လို့ရေးသားလာပြီး သူမ လက်ထပ်ပြီးပြီဖြစ်ကြောင်းကို နောက်ပိုင်းမှာ သူ့ရဲ့ ကိုယ်စားလှယ်က အတည်ပြုပြောကြားခဲ့ပါတယ်။

Photo Credit from Original Uploader
Photo Credit from Original Uploader
Photo Credit from Original Uploader
Photo Credit from Original Uploader
Photo Credit from Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။