တောင်ကိုရီးယား အနုပညာရှင်တွေဟာ အောင်မြင်မှုရသွားရင် အတိုင်းအဆမဲ့အောင် နာမည်ကျော်ကြတဲ့ သူတွေဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီပြီး အားပေးမှုတွေ အမြောက်အများ ရရှိထားတဲ့ တောင်ကိုရီးယား အနုပညာရှင်တွေဟာပန်းမွေ့ယာပေါ်ကိုချည်း လျှောက်လှမ်းခဲ့ကြတဲ့သူတွေ မဟုတ်ပါဘူး။ မကြာသေးမီက ကိုရီးယားနိုင်ငံရဲ့ Reality Show တစ်ခုဖြစ်တဲ့ “TMI SHOW” မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေရှိခဲ့တဲ့ ကိုရီးယား ဆယ်လီတွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ 

ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “TMI NEWS SHOW” ရဲ့ နောက်ဆုံး အပိုင်းမှာ အချိန်ပိုင်း အလုပ်လုပ်ရင်း ဘဝရုန်းကန်ခဲ့ရတဲ့ နာမည်ကြီးစာရင်းတွေထဲမှာ နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့တဲ့သူကတော့ BTS အဖွဲ့ဝင်Suga ဖြစ်ပါတယ်။ 

လက်ရှိမှာဆိုရင် BTS အဖွဲ့ရဲ့တစ်နှစ်သာ ကြော်ငြာကြေးက ခန့်မှန်းချေ ဝမ် ၆၂ ဘီလီယံ အထိ ရှိပါတယ်။လက်မှတ်ရောင်းရငွေအမြတ်က နှစ်ဝက်လောက်ကို ၇.၄ ဘီလီယံအထိရှိပါတယ်။ Live လွှင့်ခြင်းနဲ့ streaming လုပ်တဲ့ဝင်ငွေက ၁၀၈.၄ ဘီလီယံ အထိရှိပါတယ်။   

ခက်ခဲလှတဲ့ အခြေအနေတွေကြောင့် Suga က လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက ပစ္စည်းပို့သမားအဖြစ် လုပ်ခဲ့ရတဲ့ သူဖြစ်ပါတယ်။


မိုးရေထဲမှာ ပစ္စည်းပို့ခဲ့ရတဲ့ Suga ဟာ ကားမတော်တဆမှုဖြစ်ပြီး ပခုံးဒဏ်ရာရခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။၂၀၂၀ ခုနှစ်မှာ ပုခုံးခွဲစိတ်မှုအထိ လုပ်ခဲ့ရတဲ့ Suga ဟာ ခက်ခဲလှတဲ့ ဘဝကြီးကို ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ 

ဒုတိယနေရာမှာ ရရှိခဲ့တဲ့သူကတော့ Monsta X အဖွဲ့က Kihyun ဖြစ်ပါတယ်။ တတိယနေရာမှာ ရပ်တည်ခဲ့တဲ့သူကတော့ မင်းသမီး Lee Sunbin ဖြစ်ပါတယ်။ စတုထ္ထနေရာမှာ ရပ်တည်ခဲ့တဲ့သူကတော့ THE BOYZ အဖွဲ့ရဲ့ New ဖြစ်ပါတယ်။ Kihyun က လေးသန့်စင်တဲ့ စက်ရုံမှာ အချိန်ပိုင်း အလုပ်လုပ်ခဲ့ပြီး စက်ရုံအလုပ်ကြမ်းသမားအဖြစ်ခက်ခဲစွာ ရုန်းကန်ခဲ့ရတဲ့ သူဖြစ်ပါတယ်။ Lee Sun Bin ကလည်း အလယ်တန်းကျောင်းသားအရွယ်တုန်းကအချိန်ပိုင်း အလုပ်သမားလုပ်ခဲ့ရတဲ့သူဖြစ်ပါတယ်။ Lee Sun Bin  အချိန်ပိုင်း အလုပ်သမားအဖြစ် လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ လက်ကမ်းစာစောင်ဝေတဲ့ အလုပ်တွေပါသလို ၊ စားသောက်ဆိုင် စားပွဲထိုး  အလုပ် ၊အစားအသောက်စက်ရုပ်ဝန်ထမ်းအလုပ်တွေလည်း ပါတယ်လို့ သိရပါတယ်။ 

နံပါတ် ၅ နေရာမှာ ရပ်တည်ခဲ့တဲ့သူကတော့ အဆိုတော် Lim Young Woong ဖြစ်ပါတယ်။ Lim Young Woong ဟာမိခင်ဖြစ်သူ တစ်ဦးတည်းရဲ့ စောင့်ရှောက်မှုကို သာခံခဲ့ရပြီး ဖခင်ဖြစ်သူမရှိတဲ့သူအဖြစ် နေခဲ့ရတဲ့သူဖြစ်ပါတယ်။ 

ငယ်ရွယ်စဉ်အချိန်ကတည်းက အကြွေးများစွာနဲ့နေထိုင်ခဲ့ရတဲ့ Lim Young Woong ဟာ စားသောက်ဆိုင်မှာအချိန်ပိုင်းဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ရသလို ၊ အလှကုန်ပစ္စည်း စက်ရုံမှာလည်း စက်ရုံဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။ Lim Young Woong  ကို အောင်မြင်မှု မရခင်မှာ အချိန်ပိုင်းအလုပ်သမားတွေရဲ့ ဘုရင်လို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

နံပါတ် ၈ နေရာမှာ ရပ်တည်ခဲ့တဲ့သူကတော့ သရုပ်ဆောင် Kim Woo Bin ဖြစ်ပါတယ်။ နံပါတ် ၇ နေရာမှာ ရပ်တည်ခဲ့တဲ့ သူကတော့ တောင်ကိုရီးယား နာမည်ကျော် ရက်ပါ အဆိုတော်ကြီး Jessi ဖြစ်ပါတယ်။ နံပါတ် ၈ နေရာမှာရပ်တည်ခဲ့တဲ့သူကတော့ Nam Joo Hyuk ဖြစ်ပါတယ်။ နံပါတ် ၉ နေရာမှာ ရပ်တည်ခဲ့တဲ့သူကလည်း Kim Woo Bin နဲ့ နံပါတ် ၁၀ နေရာမှာ ရပ်တည်ခဲ့တဲ့သူက အဆိုတော် Lee Chan Won ဖြစ်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ ၁ကနေ ၁၀ အထိ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေက ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေကို ပိုင်ဆိုင်ခဲ့ပြီးမှ အောင်မြင်မှုရရှိခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ဆူးခင်းလမ်းပေါ် လျှောက်လှမ်းနေရပေမယ့်လည်း တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်လာနိုင်တာကြောင့် လက်ရှိဘဝကို အားမလျော့ပဲ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ဖို့ စိတ်ဓာတ်ခွန်အားလေး ရရှိစေဖို့ အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။