အမေရိကန် ၊ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဥ်တစ်စီး ဆင်းသက်ရင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ အေဘီစီ သတင်းတစ်ပုဒ်မှာရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS

ဇွန်လ ၂၁ ရက်နေ့က ခရီးသည် ၁၂၆ ဦးလိုက်ပါလာတဲ့ Red Air လေယာဉ်တစ်စင်း ဟာ ဆန်တိုဒိုမင်ဂိုပြည်နယ်ကနေ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ညနေ ၅ နာရီ ၃၀ မိနစ်မှာ ဆင်းသက်ခဲ့ချိန်မှာ မတော်တဆ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။လေယာဥ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့်လည်း လိုက်ပါလာသူ ခရီးသည် ၁၂၆ ဦးလုံးကို အန္တရာယ်ကင်းကင်းနဲ့ ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဆိုပါဖြစ်စဉ်ကြောင့် လူသုံးဦးကိုတော့ နယ်မြေဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

Photo Credit - ABC NEWS
Photo Credit - ABC NEWS

ပျံ့နှံလာတဲ့ ရုပ်သံဖိုင်များမှာတော့ လေယာဉ် အနောက်ပိုင်းမှာ မီးလောင်ကျွမ်းနေတာဖြစ်ပြီး ခရီးသည်တွေကို အရေးပေါ်ကယ်ထုတ်ပေးနေတာ တွေ့ရပါတယ်။ လေယာဉ်ရဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် လေဆိပ်ကို ဆင်းသက်ချိန် ပြေးလမ်းချော်ပြီး မတော်တဆဖြစ်ပွားခဲ့တာ လို့ ယူဆမိပါတယ်။ လေယာဥ်ရဲ့ ဦးခေါင်းနဲ့ အတောင်ပံတစ်ဖက် အနည်းငယ် ပျက်စီးနေတာ တွေ့ရပါတယ်။

သတင်းအရင်းမြစ်: Source - ABC NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။