ပြီးခဲ့တဲ့အင်္ဂါနေ့ ဇွန်လ ၂၁ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံဟာ ပထမဆုံးနိုင်ငံပိုင်အာကာသယာဥ်တစ်စင်းကို အာကာသထဲအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း တစ်စင်းလွှတ်တင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ဒုတိယမြောက်ကြိုးစားမှုကတော့ အောင်မြင်ခဲ့တဲ့အတွက် နိုင်ငံရဲ့အာကာသဆိုင်ရာပရောဂျက်တွေအတွက် ပိုပြီးအားတက်စရာတစ်ခုဖြစ်လာစေမှာပါ။

အရှည် ၄၇ မီတာ(၁၅၄ ပေ)၊ဝိတ်ပေါက်တန်ချိန် ၂၀၀ ရှိကာ အဆစ်သုံးဆစ်ပါတဲ့ နျူရီအာကာသယာဥ်ပျံကို တောင်ကိုရီးယားစံတော်ချိန် ညနေ ၄ နာရီက နိုင်ငံတောင်ပိုင်းမှာရှိတဲ့ နာရိုအာကာသစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ယာဥ်ပျံမှာ ဂြိုလ်တုပေါင်း ၅ ခုထိပါဝင်ပြီး အားလုံးဟာ ကမ္ဘာ့ပတ်လမ်းထဲမှာလည်ပတ်ကာ လေထုကိုစစ်ဆေးလေ့လာခြင်း၊အစရှိတဲ့ရာသီဥတုနဲ့သက်ဆိုင်တဲ့ Mission တွေကို စတင်လည်ပတ်ချိန်ကနေ နှစ်နှစ်လောက်ထိ တောက်လျှောက်လုပ်ဆောင်မှာပါ။

“တောင်ကိုရီးယားကနေ အာကာသထဲကို လမ်းပွင့်သွားပါပြီ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က တွေ့ကြုံခဲ့ရတဲ့စိန်ခေါ်မှုတွေရဲ့ အသီးအပွင့်တွေကို ကျွန်တော်တို့ပြန်ခံစားရတာပါ ခုဆိုရင် ကိုရီးယားလူထုတစ်ရပ်လုံးနဲ့ လူငယ်တွေရဲ့စိတ်ကူးအိပ်မက်တွေဟာ အာကာသထဲကို ရောက်ရှိနိုင်တော့မှာပါ”လို့တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကလွှတ်တင်အပြီးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်ွှေတတ

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း တောင်ကိုရီးယားက အာကာသယာဥ်လွှတ်တင်မှုပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

သတင်းအရင်းမြစ်: South Korea launches homegrown Nuri rocket carrying satellites into orbit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။