လေယာဉ်မှူးမလေး Monika Khanna ဟာ ဇွန်လ ၁၉ ရက်နေ့က အိန္ဒိယ လေကြောင်းလိုင်း Spice Jet (SG-723) ရဲ့ ပျက်ကျမှုကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုခြင်း ခံထားရပါတယ်။ Spice Jet (SG-723) လေယာဉ်ဟာ အိန္ဒိယနိုင်ငံ ပန်တာ မြို့မှ ဒေလီမြို့ အတက်မှာ ငှက် အင်ဂျင်ထဲ ဝင်ပြီး အင်ဂျင်မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်ပျက်ကျမှုကို လေယာဉ်မှူးမလေး Monika Khanna က အကောင်းဆုံး ကာကွယ်ပြီး ကျွမ်းကျင်စွာဆင်းသတ်နိုင်ခဲ့တာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၁၈၅ ယောက်နဲ့ ဝန်ထမ်း ၁၅ ယောက်ကိုကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Google
Google

လေယာဉ်က ပေ ၂၀၀၀ အမြင့်ကနေစပြီး ပြုတ်ကျခဲ့တာဖြစ်ပြီး ဘယ်ဘက် အတောင်ပံကစတင်ကာ မီးခိုးထွက်လာခဲ့တာလို့ သိရပါတယ်။ လေယာဉ်မောင်းနဲ့ အကူ လေယာဉ်မောင်းတို့နှစ်ယောက်ရဲ့ ကြိုးစား အားထုတ်မှုကြောင့် မီးစတင်လောင်နေတဲ့ လေယာဉ်ကို အကောင်းဆုံး ပြန်လည် ဆင်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်က အလေးချိန်အရမ်းများနေပြီး ပျက်ကျဖို့ အန္တရာယ်ရှိလွန်းတဲ့အချိန်မှာ အန္တရာယ်ကင်းကင်းနဲ့ အထိအခိုက်နည်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူးမလေး Monika Khanna နဲ့ အကူ လေယာဉ်မောင်းတို့ကို ကမ္ဘာတစ်ဝှမ်းက ဝိုင်းဝန်း ချီးကျူးထားပါတယ်။ လေယာဉ်မီးလောင်တဲ့ ဗီဒီယိုလေးကို အောက်မှာ ကြည့်လို့ရပါတယ်။

Youtube
Google

မီးလောင်ပြီး ပျက်ကျတော့မယ့် လေယာဉ်ကြီး မြေမြင်ကို အန္တရာယ် ကင်းကင်း ဆင်းသတ်နိုင်ခဲ့တာကို တကယ် အံ့သြစရာကောင်းလှပါတယ်နော်။ လူရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ လေယာဉ်မှူးမလေး Monika Khanna နဲ့ အကူလေယာဉ်မောင်းတို့ကို ကို ချီးကျူး ဂုဏ်ပြုတဲ့ အနေနဲ့ အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။