လုပ်ဆောင်ချက်တွေအစုံအလင်နဲ့ နယ်ပယ်မျိုးစုံအတွက် အသုံးဝင်တဲ့ Telegram ဟာ Premium ဗားရှင်းတစ်ခုကိုထုတ်ပေးလိုက်ပါပြီ။လစဥ် ၅ ဒေါ်လာလောက်ကျသင့်မယ့် Premium အစီအစဥ်မှာဆို အသုံးပြုသူတွေဟာ လက်ရှိလုပ်ဆောင်ချက်တွေကို ပိုကောင်းကောင်းသုံးနိုင်မှာဖြစ်ပြီး တခြားအသစ်တွေလည်း အများကြီးထပ်ပါလာမှာဖြစ်ပါတယ်။

လစဥ်ကြေးနဲ့အသုံးပြုသူတွေဟာ ပုံမှန်အသုံးပြုသူတွေထက် နှစ်ဆလောက်ပိုတဲ့ လုပ်ဆောင်ချက်တွေကိုရရှိမှာပါ။ပုံမှန်ဆို Channel ၅၀၀ လောက်ကိုပဲ join လို့ရပေမဲ့ Premium မှာ Channel ၁၀၀၀ လောက်ထိကို join လို့ရပြီး Chat ပေါင်း ၂၀၀ လောက်နဲ့လည်း Folder ပေါင်း ၂၀ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။စတစ်ကာပေါင်း ၁၀ ခုထိသိမ်းထားနိုင်ပြီး Pin လုပ်နိုင်တဲ့ Chat အရည်အတွက်ကလည်း ၁၀ ခုထိတိုးသွားမှာပါ။
Telegram အကောင့် ၄ ခုလောက်ကိုလည်းတခါတည်း Login ဝင်ထားနိုင်မယ့်အပြင် ပုံမှန်အသုံးပြုသူတွေထက်လည်း Bio ကိုခပ်ရှည်ရှည်ရေးလို့ရကာ Link တစ်ခုပါထည့်ထားနိုင်မယ်လို့သိရပါတယ်။Upload လုပ်နိုင်တဲ့ File size ပမာဏက 4GB ထိတိုးသွားမှာဖြစ်ပြီး Download Speed လည်းပိုမိုမြန်ဆန်သွားမှာဖြစ်ပါတယ်။

စတစ်ကာတွေကို စခရင်အပြည့်နဲ့ကြည့်နိုင်မှာလည်းဖြစ်ပြီး နောက်ထပ်အထူး Emoji Reaction တွေ၊ကာတွန်းပုံ Profile Picture တွေနဲ့ ကိုယ်ပြောလိုက်တဲ့စကားသံကို စာအဖြစ်ပြောင်းလဲပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာတဲ့အပြင် Public Channel တွေထဲမှာ ကြောငြာ Message တွေကိုလည်း မြင်ရတော့မှာမဟုတ်ပါဘူး။

Telegram ရဲ့ CEO ဖြစ်သူ Pavel Durov ကအခမဲ့အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်မှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။Blog Post တစ်ခုအရလည်း အခမဲ့သုံးသူတွေနဲ့ လစဥ်ကြေးပေးသုံးသူတွေကြားမှာ ဘာမှထူးထူးဆန်းဆန်းပြောင်းလဲသွားမှာမဟုတ်တဲ့အပြင် အခမဲ့အသုံးပြုတွေအတွက် လုပ်ဆောင်ချက်အသစ်အသစ်တွေကိုလည်း တောက်လျှောက်ထည့်ပေးသွားမယ့်အကြောင်းကိုပါ ကတိပေးပြောဆိုထားပါတယ်။
သတင်းအရင်းမြစ်: 700 Million Users and Telegram Premium
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။