ဖားကန့်ကျောက်စိမ်း လုပ်ကွက်ဟောင်း အတွင်းသို့ ကားနှင့်အတူ ပြုတ်ကျသွားသည့် မိသားစုဝင်ရုပ်အလောင်းများကို  ကန်အောက်နွံမှုတ်ထုတ်သည့်စနစ်ဖြစ် ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ မိသားစုဝင် ၃ ဦးမှာ ဇွန်လ ၉ ရက်နေ့က လသားအရွယ်ကလေးငယ်လေးကို ကာကွယ်ဆေးထိုးဖို့ အတွက်ဖားကန့်ဆေးရုံသွားတဲ့လမ်းမှာ ကားဘရိတ်ပေါက်ပြီး ကားစင်းလုံးလိုက်နဲ့ အတူ ကန်အတွင်းသို့ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ 

Photo credit to original uploader 

ဖားကန့်ကျောက်စိမ်းလုပ်ကွက်ဟောင်းရဲ့ ပေအနက်က  ၄၀၀ အထိရှိပြီး အရမ်းနက်တာကြောင့် ပါဂျဲရိုးကားကိုသာပြန်လည် ဆယ်ယူနိုင်ပြီး ရုပ်အလောင်းများကို  ရှာဖွေနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ရှာဖွေမှုများကို ရပ်နားလိုက်ပေမယ့် မိသားစုဝင်များရဲ့ တောင်းဆိုချက်အရ ကန်အောက်နွံမှုတ်ထုတ်သည့်စနစ်ဖြင့် ဆက်လက် ရှာဖွေမှုများ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

ကန်အောက်နွံမှုတ်ထုတ်သည့် စနစ်ဖြင့် ရှာဖွေတဲ့ အခါမှာ အပုပ်နံ့များနဲ့ အသားစများကို ရှာဖွေတွေ့ရှိနေပြီလို့ သိရပါတယ်။ မိုးရွာတာကြောင့် ရှာဖွေမှုတွေက ထင်သလောက် ခရီးမရောက်ပေမယ့် အလောင်းတွေ့တဲ့ အထိဆက်လက်ရှာဖွေမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

ရှာဖွေရေး လုပ်ငန်းများကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် ကာယကံ မိသားစုဝင်ရဲ့ အကိုတော်စပ်သူက ရှာဖွေရေး စားရိတ်များ ကျခံပေးသဖြင့် ဆက်လက်ရှာဖွေဖော်ထုတ်နေခဲ့တာ ၁၀ ရက်မြောက် ရှိနေပြီလို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။