ထိုင်းနိုင်ငံမှာ ဆိုရင် ဆေးခြောက်ကို တရားဝင် လွတ်လပ်စွာ အသုံးပြုခွင့် ပြုပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ဆေးခြောက်ကို လွတ်လပ်စွာ အသုံးပြုခွင့် ပေးလိုက်သည့်အလျောက် ဆေးခြောက်နဲ့ ပတ်သတ်တဲ့ပွဲတော်တွေ ၊ဆေးခြောက် စားပွဲတော်တွေကိုလည်း တွင်ကျယ်စွာ ပြုလုပ်လာကြပါတယ်။ 

Google
Google

လူအများက ဆေးခြောက်ကို ပုံစံမျိုးစုံနဲ့ စားသုံး ခဲ့ကြရာမှာ လူအယောက် ၁၀၀ ကျော်ဟာလည်း ဆေးခြောက်အသုံးပြုပြီးနောက်မှာ ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ 

Google
Google
Google

ဆေးရုံသို့ရောက်ရှိလာတဲ့ လူအယောက် ၁၀၀ ကျော်ထဲမှာ ဆေးခြောက်ကို ရှူခဲ့တဲ့သူ​တွေလည်း ပါသလိုအစားအသောက်ထဲ ထည့်သွင်း စားသုံးခဲ့တဲ့ သူတွေလည်း ပါဝင်ပါတယ်။ အများစုက စိတ်ရောဂါနဲ့ ပတ်သတ်တဲ့လက္ခဏာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Google
Google

ဆေးခြောက်အသုံးပြုခဲ့တာကြောင့် နှလုံးထိပြီး ဆုံးပါးသွားခဲ့ရတဲ့ ဖြစ်ရပ်အထိ ရှိခဲ့တယ်လို့ လည်း ကြားမိပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက စစ်တမ်းအရ Khon Kaen မှာနေထိုင်တဲ့ လူအယောက် ၂၁၄၃၂ ယောက်မှာဆေးခြောက်ကို လူအယောက် ၁၅၄၉၈ ယောက်က အိမ်တွင်းသုံး အဖြစ် အသုံးပြုနေပြီး ၊ ၁၃၂၆ ယောက်ကဆေးဝါး အဖြစ် အသုံးပြုကြတယ်လို့ သိရပါတယ်။ ၆၄၂ ယောက်ကတော့ စီးပွါးရေးအကျိုးအတွက် အသုံးပြုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

Google

Source - NationThailand

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။