ရွှေပြည်သာမြို့နယ် ၊ အမှတ် ၄ Max ဆီဆိုင် အနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး ခရီးသည် ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှု ဖြစ်စဉ်က ဇွန်လ ၁၄ ရက် ၊ မွန်းလွဲ ၃ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ် ၃ စီး ဆင့်တိုက်ခဲ့တာလို့ သိရပါတယ်။
![](https://s9.kh1.co/17/17b41ed2c7feba8e831dad1f968c90f22fa9d911.jpg)
![](https://s9.kh1.co/47/47b0e9c90f5e3a379f8a02bfbbc42c00bcd9bec5.jpg)
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည် စုစုပေါင်း ၁၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်ဆိုက်ကားက အထိပိုနာခဲ့ပြီး ရှေ့ခန်းမှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးနဲ့ ယာဉ်မောင်းက ညပ်နေခဲ့တာကြောင့် ဒဏ်ရာတော်တော်လေး ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
![](https://s9.kh1.co/35/35bc529cff4f856faaf46b9c356b2bf7b51503a6.jpg)
ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတ အဖွဲ့များက ကူညီကယ်ဆယ်ပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှု ဖြစ်စဉ် ဓာတ်ပုံများကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
![](https://s9.kh1.co/4a/4a7232fec0872cebc5f49fdfcf7fd12765b9a173.jpg)
![](https://s9.kh1.co/b2/b2bec03a093cbe1dd14291a244f2cf316764a92f.jpg)
ယာဉ်တိုက်မှု ဖြစ်စဉ်က မြင်ရသူအဖို့ တကယ်ကို ကြောက်ခမန်းလိလိပါပဲနော်။ အောက်ဆိုက်ကားတွေက အမောင်းအရမ်းကြမ်းတာကြောင့် အခုလို အဖြစ်မျိုးတွေ နောက်တစ်ခါမဖြစ်ဖို့မျှော်လင့်ရင်း အခုအကြောင်းအရာလေးကို စိတ်မကောင်းစွာ ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။