ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်မှာ မင်္ဂလာဆောင်သို့ သွားသည့်ကား တိမ်းမှောက်မှု ဖြစ်ပြီး လူသေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဘုတလင်မြို့နယ် ၊ တလိုင်းကျေးရွာအနီးမှာ အမျိုးသား အမျိုးသမီး ၁၀ ဦး စီးနင်းလိုက်ပါလာသည့် Hijet ကားအမျိုးအစားကား ဘရိတ်ပေါက်မှု ဖြစ်ပွားပြီး လမ်းဘေးချို့ဝှမ်းအတွင်းသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မုံရွာမြို့
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မုံရွာမြို့

ယဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း အမျိုးသမီးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အခြား လိုက်ပါလာသူ ၇ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ထား ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မုံရွာမြို့

အဆိုပါခရီးသည်တင်ယာဉ်မှာ မင်္ဂလာဆောင်သို့သွားသည့် ယာဉ်ဖြစ်ပြီး မင်္ဂလာဆောင်သွားသည့် လမ်းမှာတင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ပြင်းသူ ၃ ဦးကို မုံရွာဆေးရုံသို့ ပို့ထားရပြီး ဒဏ်ရာ သိပ်ပြီး မပြင်းထန်သူ ၄ ဦးကို ဘုတလင် ဆေးရုံကြီးသို့ ပို့ထားရတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။