ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ အေးမြသာယာ ရပ်ကွက်ရှိ ရေကန်အတွင်းသို့ လသားကလေးငယ်လေး အပါအဝင် မိသားစု ၃ ဦး ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျသွားတဲ့ ပါဂျဲရိုး ကားကို ရှာဖွေတွေ့ရှိခဲ့ပေမယ့်လည်း ကားပေါ်ပါ မိသားစုဝင် ၃ ဦးရဲ့ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ 

Photo credit to original uploader 

ရေကန်ရဲ့ အနက်က ပေ ၄၀၀ ခန့် ဖြစ်တာကြောင့် မိသားစုဝင် ၃ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေဖို့ရာ ခက်ခဲလွန်းတာကြောင့် ရှာဖွေရေးလုပ်ငန်းများကို ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး ရပ်နားလိုက်ပြီလို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

အဆိုပါ မိသားစုမှာ လသားအရွယ် သားငယ်လေး ကာကွယ်ဆေး ထိုးဖို့အတွက် ဖားကန့်ဆေးရုံသွားသည့် လမ်းမှာကားဘရိတ်ပေါက်ပြီး ရေကန်ထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

ရက်ပေါင်းများစွာ ကြာသည်အထိ အလောင်းများ ရှာမတွေ့ ခဲ့တာကြောင့် ရှာဖွေမှုတွေကို ရပ်ဆဲပြီး လှေနဲ့သာ ပတ်ကြည့်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆို အရသိရပါတယ်။ အလောင်းပြန်မရခဲ့သည့်မိသားစုလေး ၃ ဦးရဲ့ အဖြစ်ကို စိတ်မကောင်းဖြစ်ရင်း အခုအကြောင်းအရာလေးကို ဖော်ပြ ပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။