ကမ္ဘာပေါ်မှာ စက်ရုပ်တွေကို စီးပွားရေးလုပ်ငန်း တွေမှာအသုံးပြုခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ စက်ရုပ်တွေကို တွင်တွင်ကျယ်ကျယ် သုံးလာခြင်းက ကောင်းကျိုးတွေ အများကြီးရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။ မြန်မာပြည်က လူတော်တော်များများ သွားရောက် အလုပ်လုပ်နေကြတဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ စက်ရုံတွေမှာစက်ရုပ်တွေ အသုံးပြုမယ်ဆိုပြီး သတင်းတွေတက်လာနေပါတယ်။

မကြာသေးမီက ပြဌာန်းခဲ့တဲ့ သဘာဝဘေးစိမံခန့်ခွဲမှု ဥပဒေ အရ ကိုရီးယားရဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရရင် ဒါမှမဟုတ် သေဆုံးမှုဖြစ်ခဲ့ရင် တာဝန်ရှိသူတွေကို ဒဏ်ရိုက်ခြင်း ဒါမှမဟုတ် ထောင်ဒဏ်ချခြင်းတို့အထိ အပြစ်ပေးမှာဖြစ်ပါတယ်။ အခုဥပဒေက နိုင်ငံအတွင်း စက်ရုပ်တွေမှာ ရင်းနှီးမြှုပ်နှံမှု တိုးလာစေရန် လှုံ့ဆော်ခဲ့ကြောင်း ဇွန် ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Rest of the World ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

"ကျနော်တို့ အနေနဲ့ ရှေ့ဆက်ဖို့ နည်းလမ်းများကို အမြဲရှာဖွေနေရပြီး အလိုအလျောက် စနစ်ဟာ နောက်ထပ်တဆင့် ဖြစ်ပါတယ် " လို့ တောင်ကိုရီးယားရဲ့ အကြီးဆုံး capacitors ထုတ်လုပ်သူဖြစ်တဲ့ Speefox ရဲ့ CEO ဖြစ်သူ Kim Yong-rae က သတင်းစာရှင်းလင်းပွဲကို ပြောကြားခဲ့ပါတယ်။ ဥပဒေသစ်ဟာ ကုမ္ပဏီများအား အလုပ်သမား အနည်းငယ်သာခန်ထားဖို့ တွန်းအားပေးခဲ့ပြီး "ကုမ္ပဏီများဟာ လူသားလုပ်အားကို လျှော့ချရန် လှုပ်ရှားနေကြပါတယ်" လို့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ လုပ်ငန်းခွင် ဘေးကင်းရေး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ Jung Jin-woo က Rest of the World သို့ ပြောကြားခဲ့ပါတယ်။

အဆိုပါဥပဒေဟာ အလုပ်သမားအခွင့်အရေးအတွက် အဓိကခြေလှမ်းတစ်ရပ်အဖြစ် အစောပိုင်းတွင် ချီးကျူးခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများက အကြီးတန်းခေါင်းဆောင်များကို မြေပြင်ပေါ်က ပြဿနာများကြောင့် တရားစွဲခြင်းမှာ တရားမျှတမှုမရှိကြောင်း ပြောထားပါတယ်။ တောင်ကိုရီးယားဟာ သူ့ရဲ့ စက်ရုံများမှာ ဘေးကင်းမှု ကင်းမဲ့ခြင်းကြောင့် လူသိများပြီး နည်းပညာအဆင့်မြင့်တဲ့ နိုင်ငံတစ်နိုင်ငံ အတွက် ရှုပ်ထွေးပွေလီပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည့် ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
Photo-credit
သတင်းအရင်းမြစ်: Internet
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။