ဇွန်လ ၉ ရက်နေ့က ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ အေးမြသာယာရပ်ကွက် ရှိ လုပ်ကွက်ဟောင်း ရေကန်အတွင်းသို့ လသား ကလေးငယ်လေး အပါအဝင် မိသားစုဝင် ၃ ဦး လိုက်ပါစီးနင်းလာသည့် ပါဂျဲရိုး ကားတစ်စီး ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ လသားကလေးငယ်လေးကို ကာကွယ်ဆေး ထိုးဖို့ အတွက် ဖားကန့်ဆေးရုံသွားတဲ့ လမ်းမှာ ကားဘရိတ် ပေါက်ပြီး ရေကန်ထဲ ထိုးကျခဲ့တာလို့ သိရပါတယ်။ 

Photo credit to original uploader 

ကားနှင့်အတူ ရေကန်ထဲပြုတ်ကျသွားသည့် မိသားစုကို ရှာဖွေရာမှာ ဇွန်လ၁၁ ရက်နေ့က ကားကိုယ်ထည်ကိုသာပြန်လည်ဆယ် ယူနိုင်ခဲ့ပြီး ကားတွင်း လိုက်ပါလာသူ မိသားစုများရဲ့ ရုပ်အလောင်းများကို မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။  ကားပေါ်မှာ ကလေးငယ်စောင်လေးနဲ့ အခြားပစ္စည်းများကိုသာတွေ့ရပြီး အလောင်းတွေမရှိတာကြောင့်လည်း ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

သေဆုံးသူ မိသားစုရဲ့ ရုပ်အလောင်းများကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ၊ ညနေအထိ ကြိုးစား ရှာဖွေကြပေမယ့် မတွေ့ရှိကြသေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ များရဲ့ အဆိုအရ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

ကားပေါ်မှာပါသွားတဲ့ လသားကလေးငယ်လေးနဲ့ မိခင် ၊ ဖခင်တို့ရဲ့ ရုပ် အလောင်းများ ပြန်ရှာမရသည့် ဖြစ်စဉ်ကြောင့် လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တတ်လျှက်ရှိပါတယ်။

Photo credit to original uploader 
Photo credit to original uploader 


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။