ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် အနီးမှာ ကလေးငယ်လေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး လိုက်ပါစီးနင်းလာခဲ့တဲ့ ပါဂျဲရိုး အိမ်စီးကားတစ်စီးဟာ ပေ ၄၀၀ အနက်ရှိတဲ့ ရေကန်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။  ဖြစ်စဉ်မှာ လသားအရွယ်ကလေးငယ်လေး ကို ကာကွယ်ဆေးထိုးပေးရန်ဖားကန့်ဆေးရုံသို့ခေါ်လာတဲ့အချိန် လမ်းခရီးမှာ ကား ဘရိတ်ပေါက်ပြီး အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုထဲသို့ အရှိန်လွန် ပြုတ်ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

ကားပြုတ်ကျပြီး သိပ်မကြာခင်မှာပဲ မိသားစုဝင်အားလုံး သေဆုံးသွားကြပြီလို့ အတည်ပြုခဲ့ကြပေမယ့် ကားကိုဆယ်ဖို့ ခက်ခဲနေတာကြောင့် ရုပ် အလောင်းတွေ ပြန် မရနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ 

Photo credit to original uploader 

ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မှာတော့ အဆိုပါ ရေကန်ထဲ ပြုတ်ကျသွားတဲ့ ပါဂျဲရိုးကားကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ရေအနက် ၄၀၀ အောက်ခြေကို ရောက်ရှိသွားတဲ့ ကားကို ပြန်ပြီး ဆယ်ယူနိုင်ခဲ့ပေမယ့် သေဆုံးသူ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို ရှာမတွေ့ခဲ့ကြဘူးလို့ သိရပါတယ်။ 

Photo credit to original uploader 

ကားထဲမှာ ကလေးစောင်လေးနဲ့ စာရွက်စာတမ်းတွေကိုသာတွေ့ရပြီး လူမတွေ့ခဲ့ရတာကြောင့် ရုပ်အလောင်းတွေပေါ်သည် အထိ ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်သွားမယ်လို့ Myanmar Rescue Phakant  က ဆိုထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။