ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က အုပ်ထိန်းသူစောင့်ရှောက်မှု မပေးနိုင်တော့တဲ့ ကလေးငယ်လေးတွေကို တာဝန်ယူ မွေးစားပေးနေတဲ့ သူဖြစ်ပါတယ်။ သူမဟာ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကို တာဝန်ယူ ဦးဆောင်ပေးနေတဲ့ သူဖြစ်သလို ကျန်းမာရေး ၊ လူမှုရေးဆိုင်ရာ အကူအညီ လိုအပ်နေသူများကိုလည်း တတ်နိုင်သမျှ အင်အားနဲ့ စောင့်ရှောက်ကူညီပေးနေတဲ့ သူဖြစ်ပါတယ်။

Khine Hnin Wai's Facebook

ယမန်နေ့ကလည်း ပရဟိတ မင်းသမီး ခိုင်နှင်းဝေက ဦးလေး ဖြစ်သူရဲ့ မုဒိန်း ကျင့်မှုကြောင့် အသက် မပြည့်သေးဘဲ ကိုယ်ဝန်ရရှိလာခဲ့တဲ့ ကလေး မလေးရဲ့ သားလေးကို တာဝန်ယူ မွေးစားပေးခဲ့တယ်လို့ သိရပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

မိခင်က အသက် မပြည့်သေးတဲ့ အရွယ် ၊ အသက် ၁၃ နှစ်အရွယ်မှာ မွေးဖွားခဲ့တဲ့ ကလေးလေး ဖြစ်တာကြောင့် မိခင်အနေနဲ့ စောင့်ရှောက်မှု မပေးနိုင်တော့တာကြောင့် သက်ဆိုင်ရာ လူကြီးများက ပရဟိတ မင်းသမီး ခိုင်နှင်းဝေဆီကို အပ်နှံပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေက မိခင်ဘက်ကနေ စောင့်ရှောက်မှု မပေးနိုင်တော့တဲ့ ကလေးလေးကို တာဝန်ယူစောင့်ရှောက်ပေးမယ့် အကြောင်းကို သူမရဲ့ လူမှု ကွန်ရက် စာမျက်နှာပေါ်မှာ အခုလိုလေး ပြောလာခဲ့ပါတယ်။

Khine Hnin Wai's Facebook

“ကံဆိုးရှာတဲ့ မွေးမေမေ ကို ပြန်လည်လုပ်ကျွေး နိုင်တဲ့ သားကောင်း ရတနာလေးဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားဘ်ု့ိ စိတ်ကူးရင်း  ...ချစ်ဘို့ တစ်ယောက် ထပ်တိုးလာပြန်ပါပီရှင်..”

Khine Hnin Wai's Facebook

ကလေးလေးရဲ့ မိခင်က အသက် ၁၃ နှစ်ဆိုတော့ တော်တော် ငယ်လွန်းသေးတာပဲနော်။ လူ့ဘဝထဲရောက်ရှိတာ ၁၃ နှစ်အရွယ်မှာပဲ ဒီလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတာကြောင့် ကလေးမလေးရဲ့ ကံကြမ္မာအတွက် စိတ်မကောင်းဖြစ်ပါတယ်။ ကူညီပေးတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကိုချီးကျူး ကျေးဇူးတင်မိရင်း အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ရပါတယ်။ ။

Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။