တောင်ကိုရီးယားအဆိုတော် Lee Sang Hoon ဟာဆိုရင် အသက် ၃၇ နှစ်အရွယ်မှာ ကွယ်လွန် သွားခဲ့ပြီပဲဖြစ်ပါတယ်။ Lee Sang Hoon ဟာ အသည်းရွတ် ရောဂါကြောင့် ကျန်းမာရေး မကောင်းနေခဲ့တာ အချိန်တော်တော် ကြာခဲ့ပြီပဲဖြစ်ပါတယ်။ Lee Sang Hoon ကွယ်လွန်သွားပြီ ဖြစ်တဲ့ အကြောင်းကို သူ့ရဲ့ မိသားစုက ဇွန်လ ၅ရက်နေ့ အချိန်မှာ ထုတ်ဖော်ပြောကြားပေးခဲ့တာဖြစ်ပါတယ်။

Google

Lee Sang Hoon ဟာ ၂၀၀၂ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ QOQ အဖွဲ့ရဲ့ အဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ QOQ အဖွဲ့ဟာ ၂၀၀၂ ခုနှစ်မှာပွဲဦးထွက်ခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး ပွဲဦးထွက်ပြီး လပိုင်းအကြာမှာ ပြိုကွဲခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

Google

အဆိုတော် Lee Sang Hoon ရဲ့ ဈာပန အခန်းအနားကို ဇွန်လ ၇ ရက်နေ့မှာ Kangdong Sacred Heart ဆေးရုံမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော် Lee Sang Hoon ဆုံးပါးသွားခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်း ဖြစ်မိပါတယ်နော်။ ကောင်းရာ သုဂတိလားပါစေ Lee Sang Hoon ရေ ..

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။