တောင်ကိုရီးယား မင်းသမီး Park Shin Hye ဟာဆိုရင် မကြာသေးမီက သားဦးလေး မွေးခဲ့တဲ့ သူဖြစ်ပါတယ်။ မင်းသမီး Park Shin Hye ဟာ သားဦးလေး မွေးပြီးနောက်မှာ သူမရဲ့ အစ်ကိုရဲ့ မင်္ဂလာပွဲကို တတ်ရောက်ဆင်နွှဲခဲ့ပါတယ်။

Google

ဇွန်လ ၆ ရက်နေ့မှာ တောင်ကိုရီးယားမင်းသမီး Park Shin Hye က သူမအစ်ကို Park Shin Won ရဲ့ မင်္ဂလာပွဲကို တတ်ရောက်ခဲ့တဲ့ အကြောင်းကို ဓာတ်ပုံလေးနဲ့ တကွ ဖော်ပြပေးလာခဲ့ပါတယ်။

Instagram 
Instagram

တောင်ကိုရီးယား မင်းသမီး Park Shin Hye ဟာဆိုရင်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တောင်ကိုရီးယားမင်းသား Choi Tae Joon နဲ့ မင်္ဂလာပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မောင်နှမ နှစ်ယောက်ရဲ့ မင်္ဂလာပွဲက တစ်နှစ်တည်းမှာ နှစ်ကြိမ် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဓာတ်ပုံထဲမှာ ဆိုရင် Park Shin Hye ရဲ့ အစ်ကို Park Shin Won မင်္ဂလာပွဲ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသမီး Park Shin Hye က ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သားဦးလေး မွေးဖွားပြီး မကြာခင်မှာပဲ အစ်ကိုဖြစ်သူရဲ့ မင်္ဂလာပွဲကိုတတ်ရောက် အားပေးဂုဏ်ပြုပေးနေတဲ့ Park Shin Hye ရဲ့ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။