သမန်းကုန်းရွာက သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေး ခေါ် အေးချမ်းသူ လေး ဟာဆိုရင် စကားမြန်မြန်ပြောတတ်တဲ့ သူလေး အဖြစ် လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ သူလေး ဖြစ်ပါတယ်။ ဟန်မဆောင်တတ်ဘဲ အရှိကို အရှိတိုင်း နေထိုင်ပြောဆိုတတ်တဲ့ သရက်ကင်သည် ဂျမ်းတောလေးကိုချစ်ကြ ခင်ကြတဲ့ သူတွေလည်း အများကြီး ပဲဖြစ်ပါတယ် ။

Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader

ဂျမ်းတောလေးဆီမှာ မောင်နှမ ၁၀ ယောက်ရှိပြီး ဂျမ်းတောလေးရဲ့ အထက်မှာ အကြီး ၃ ယောက် အောက်မှာ အငယ် ၆ ယောက်ရှိပါတယ်။ ဂျမ်းတောလေးက သရက်ကင်လေးတွေကို ရောင်းပြီး သူမရဲ့ မိသားစုလေးကို ထောက်ပံ့ပေးနေတဲ့ သူလေး ဖြစ်ပါတယ်။ ဂျမ်းတောလေးရဲ့ မိခင်ကြီးဟာ ဆိုရင် ကျောက်ကပ်ရော ဂါ ခံစားနေရတဲ့ သူဖြစ်ပြီး မကြာသေးမီအချိန်ကမှ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

Photo credit to original uploader

ဂျမ်းတောလေးတို့ အမေရဲ့ ဈာပန ကို ယမန်နေ့ ဇွန်လ ၅ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ ဂျမ်းတောလေး မိခင်ရဲ့ နာရေးအခန်းအနားက ဖြေမဆည်နိုင်အောင် သနားဖို့ ကောင်းလွန်းတာကြောင့် မြင်ရသူတိုင်းကို မျက်ရည် ကျစေခဲ့ပါတယ်။ မိခင်ကြီး ဆုံးပါးသွားတဲ့ အချိန်မှာလည်း နို့မပျက်သေးတဲ့ ကလေး ငယ်လေးတွေ ကျန်ခဲ့တာကြောင့် လိပ်ပြာခွဲခဲ့ရပါသေးတယ်။ လိပ်ပြာခွဲတဲ့ အချိန်မှာ ဂျမ်းတောလေးရဲ့ အမေက ကလေးငယ်လေးကို သူမရဲ့ အဖေကို ပေးခဲ့ပါတယ်။

သနားစရာ သရက်ကင်သည်လေး ဂျမ်းတောလေး အမေရဲ့ ဈာပနာ မြင်ကွင်း ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo credit to original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။