သရုပ်ဆောင်ခင်ဇာခြည်ကျော်ဟာဆိုရင် ပီပြင် လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုတခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာဆိုရင် သားလေးနဲ့ သမီးလေး နှစ်ယောက်ကို Single Mother အဖြစ် တစ်ယောက်တည်း ကြံ့ကြံ့ခံ စောင့်ရှောက်ပေးနေတဲ့ အာဂ မိခင် တစ်ယောက်ဖြစ်ပါတယ် ။ မိခင်လိုပဲ ခင်ဇာခြည်ကျော် ရဲ့ သားလေးရော သမီးလေးရော နှစ်ယောက်စလုံးက အနုပညာ ဝါသနာပါ သူတွေ ဖြစ်ကြပါတယ်။ 

Google
Google

အခုဆိုရင် ခင်ဇာခြည်ကျော် ရဲ့ သားလေး ဘုန်းမင်းနေလဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ နေရာ တစ်နေရာ ရရှိ နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင် ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်က သားဖြစ်သူ ဘုန်းမင်းနေလ ရုပ်ရှင်ရိုက်ကူးရေးလုပ် နေတဲ့ ရိုက်ကွင်းကို ကိုယ်တိုင် သွားပြီး ရိုက်ကူးရေးတစ်လျှောက် စောင့်ကြည့်ပေးနေတာပဲ ဖြစ်ပါတယ်။ 

Khin Zar Chi Kyaw’s Facebook 
Khin Zar Chi Kyaw’s Facebook 

ဘုန်းမင်းနေလရဲ့ ရုပ်ရှင်ရိုက်ကွင်းကို သွားရောက် စောင့်ကြည့်အားပေးနေကြတဲ့ ခင်ဇာခြည်ကျော်နဲ့ သမီးလေးထင်သစ္စာတို့ရဲ့ ပုံရိပ်လေးတွေကို ကြည်နူးဖွယ် ဝေမျှပေးလိုက်ပါတယ်။ 

Khin Zar Chi Kyaw’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။