တောင်ကိုရီးယားမင်းသား Jo In Sung ဟာဆိုရင် ချောမော ခန့်ညားလွန်း လှ တဲ့ ရုပ်ရည် ၊ ကောင်းမွန်ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်ကျဆင်းသွားတာမျိုး မရှိဘဲ တစ်ဟုန် ထိုးအောင်မြင်ခဲ့တဲ့ သူဖြစ်ပါတယ် ။ Jo In Sung ဟာ အသက် ၄၁ နှစ်ရှိနေပြီ ဖြစ်ပေမယ့် အခုအချိန်အထိ မိန်းမ မယူသေးတဲ့ သူဖြစ်ပါတယ်။ 

Google
Google
Google

အသက် ၄၀ ကျော်အထိ လူပျိုကြီး ဖြစ်နေပြီး မိန်းကလေးဆိုလို့ မင်းသမီး Kim Min Hee နဲ့သာ လူသိရှင်ကြား တွဲခဲ့ဖူးတဲ့ Jo In Sung ဟာ သူလူပျိုကြီး ဖြစ်နေရတဲ့ အကြောင်းအရင်းကို အင်တာဗျူးတစ်ခုမှာ ပြောပြလာခဲ့ပါတယ်။ 

Google
Google

Jo In Sung က သူဟာ မိန်းကလေးတွေရဲ့ စိတ်ကို ခန့်မှန်းတာ ညံ့တဲ့သူလို့ ဆိုပါတယ်။ Jo In Sung တစ်ယောက် မိန်းကလေးတွေရဲ့ စိတ်ကို ခန့်မှန်းတာ ဘယ်လောက်ထိ ညံ့လဲ ဆိုရင် အမေဖြစ်သူရဲ့ စိတ်ကိုတောင် မခန့်မှန်းတတ်ဘူးလို့ ဆိုပါတယ်။ တစ်နေ့တစ်နေ့ အမေဖြစ်သူ ဘာတွေ တွေးနေမှန်းမသိသလို စိတ်ဆိုးရင် လည်း ဘာတွေ စိတ်ဆိုး မှန်း မသိတဲ့ Jo In Sung ဟာ မိန်းကလေးတွေရဲ့ စိတ်ကို နားမလည်တာကြောင့် အခုအချိန်ထိ လူပျိုကြီး ဖြစ်နေရပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသား Jo In Sung တစ်ယောက်အသက် ၄၀ ကျော် အရွယ် တစ်ကိုယ်တည်း  လူပျိုကြီး ဖြစ်နေရတဲ့ အကြောင်းအရင်းကို စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။