တေးသံရှင် မာသထူးဝါးလေးဟာ မြန်မာနိုင်ငံမှာသာမက တောင်ကိုရီးယားနိုင်ငံမှာပါ နာမည်ကြီး ပြီးအောင်မြင်မှုရရှိနေတဲ့ သူလေး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ထွက်ခွါသွားတဲ့အချိန်က အရမ်းစောခဲ့တာကြောင့် မာသထူးဝါးလေးတို့ မိသားစု ၃ ယောက် ဟာ အမြဲတမ်းလိုလို ချစ်ချစ်ခင်ခင်စည်းစည်းလုံး လုံး နေခဲ့ကြတာ ဖြစ်ပါတယ်။ 

Martha Htoo Wah’s Facebook

တောင်ကိုရီးယားနိုင်ငံမှာ သီချင်းဆိုပြိုင်ပွဲတွေဝင်ပြိုင်တဲ့ အချိန်မှာလည်း မာသထူးဝါးလေးက သူမရဲ့ မိခင်မမိုင် နဲ့မောင်လေး နှစ်ယောက် မဲသျူး ၊ မော်ဂန် တို့ကိုပါ အမြဲ ခေါ်လာလေ့ရှိပါတယ်။

အမြဲတမ်းချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနေခဲ့ကြတဲ့ မာသထူးဝါးလေးတို့ မိသားစုလေးမှာမိခင်ကြီး မမိုင်တစ်ယောက်လည်း ထွက်ခွါလို့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လူ့လောက အလယ်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေး ၃ ယောက်ပဲ ကျန်ခဲ့ပေမယ့် အကြီးဆုံး သမီး မာသထူးဝါးလေးရဲ့ ရင့်ကျက်တည်ငြိမ်မှုလေးကြောင့် လူအများက ဘယ်လို အခက်အခဲတွေပဲ ရှိလာ ရှိလာ ကျော်ဖြတ်နိုင်မှာလို့ ယုံကြည်ထားကြပါတယ်။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

ဒီကနေ့ ဇွန်လ ၅ ရက်နေ့ မှာတော့ မာသထူးဝါးလေးတို့ မိခင်ကြီး မမိုင်ရဲ့ ရုပ်ကလပ်ကို မီးသဂြိုလ် လိုက်ပြီပဲ ဖြစ်ပါတယ်။ မိခင်ကြီးရဲ့ အရိုးပြာအိုးလေးကို သယ်ကာ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ မာသထူးဝါးလေးတို့ မောင်နှမလေး ၃ ယောက်ရဲ့ ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

Mary Nuam’s Facebook

မိခင်ကြီး မမိုင် မရှိတော့ပေမယ့် မာသထူးဝါးလေးတစ်ယောက် တောင်ကိုရီးယားနိုင်ငံမှာ အောင်မြင်မှုတွေ အများကြီး ရရှိတဲ့ အိုင်လ်ဒေါလေး တစ်ယောက် ဖြစ်လာပြီး အခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်တဲ့ သူလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။