တောင်ကိုရီးယား နာမည်ကြီးအဆိုတော် Oh Sae Bom ဟာဆိုရင် ၂၀၂၁ ခုနှစ်ကတည်းက ကျန်းမာရေး မကောင်းခဲ့တာ ဖြစ်ပါတယ်။ မောပန်းနွမ်းနယိပြီး နေရထိုင်ရတာ အဆင်မပြေဖြစ်ခဲ့တာကြောင့် ကျန်းမာရေး စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ Oh Sae Bom တစ်ယောက် malignant lymphoma လို့ခေါ်တဲ့ သွေးကင်ဆာရောဂါ ခံစားနေခဲ့ရတယ်လို့ အဖြေထွက်လာခဲ့ပါတယ်။ 

Google

Oh Sae Bom က သူသွေးကင်ဆာရောဂါ ခံစားနေရတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်တွေဆီ အခုလိုလေး ဝေမျှပေးလာခဲ့ပါတယ်။ 

Google

“ပထမဦးဆုံး အနေနဲ့ အားလုံးကို အခုလို သတင်းဆိုး ပြောရတဲ့ အတွက် ကျွန်တော် တောင်းပန်ပါရစေ။ 

ကျွန်တော်က အခု ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလကစပြီး သွေးကင်ဆာရောဂါ ခံစားနေရတာဖြစ်ပါတယ်။ ညဘက်ကျွန်တော် အိပ်တဲ့အချိန်မှာ ရောဂါလက္ခဏာ ကို သိသိသာသာခံစားခဲ့ရတယ်။ ဒါပေမယ့် အလုပ်တွေ ပင်ပန်းလို့ပဲလို့ မှတ်ယူပြီး ကျွန်တော် အားတင်းခဲ့ပါတယ်။ 

ကျွန်တော့်မှာ သွေးကင်ဆာ ရောဂါ ဖြစ်နေတယ်ဆိုတဲ့ ရလာဒ်ကို သိရဖို့ စစ်ဆေးမှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။  သွေးကင်ဆာဖြစ်နေတယ်လို့  သိသိချင်း ကျွန်တော် အခြား ဘယ်သူ့ကိုမှ ဖွင့်မပြောမိပါဘူး။ဘာလို့ဆို ကျွန်တော် အလုပ်တွေ အရမ်းများနေလို့ပါ။ အလုပ်တွေ အားလုံး အဆုံးသတ်ပြီးမှ ဖွင့် ပြောမယ်လို့ဆုံးဖြတ်ခဲ့တာပါ။ 

နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေမှာ ကျွန်တော်ကို မတွေ့ရရင် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အခြေအနေလေးကိုနားလည်ပေးပါနော်။ 

ရောဂါက ကင်ဆာဆိုတော့ ကျွန်တော့်အခြေအနေကတော့ ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။ ကုသမှု ခံယူနေစဉ်ကာလမှာတော့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ နေကောင်း ကျန်းမာလာတဲ့အချိန်ကြရင် ကျွန်တော် ပြန်လာခဲ့ပါမယ်။ ချစ်ပေးပြီး အားပေးခဲ့ကြတဲ့ သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အားပေး နှစ်သိမ့်ပေးကြလို့ ထပ်ပြီး ကျေးဇူးတင်ပါတယ်။”

Google
Google

အဆိုတော် Oh Sae Bom ဟာ ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ Produce X 101 အစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ TIe နာမည်နဲ့ တစ်ကိုယ်တော် ပွဲဦးထွက်ခဲ့တဲ့ Oh Sae Bom ဟာ MAXXAM အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သွေးကင်ဆာရောဂါ ဖြစ်နေတဲ့အချိန်မှာ Oh Sae Bom ရဲ့ အသက်က၂၇ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။