သရုပ်ဆောင် ၊ အဆိုတော် ဟိန်းမင်းသူဟာ တောင့်တောင့် ဖြောင့်ဖြောင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချောမောလွန်းတဲ့ မျက်နှာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။ ဟိန်းမင်းသူဟာဆိုရင်မော်ဒယ်တစ်ယောက်အဖြစ်ရော၊ သရုပ်ဆောင်တစ်ယောက် အဖြစ်သာမက ၊ အဆိုတော်တစ်ယောက် အဖြစ်ပါနေရာတစ်နေရာရဖို့အတွက် ကြိုးစားနေတဲ့ သူဖြစ်ပါတယ်။ 

Hein Min Thu’s Facebook
Hein Min Thu’s Facebook
Hein Min Thu’s Facebook

ဟိန်းမင်းသူဟာ အနုပညာအလုပ်တွေ ပါးသွားတဲ့ အချိန်မှာလည်း  ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးနေပြီးပရိသတ်တွေကို ဖျော်ဖြေနေခဲ့တာ ဖြစ်ပါတယ်။ 

ယမန်နေ့ မှာတော့ အချိန်အတော်ကြာ ပျောက်နေတဲ့ ဟိန်းမင်းသူက သူ့ရဲ့ ကျန်းမာရေး အခြေအနေကို ပရိသတ်တွေဆီကို အခုလိုလေး ပြောလာခဲ့ပါတယ်။

Hein Min Thu’s Facebook
Hein Min Thu’s Facebook

“ကျွန်တော် နေမကောင်းဖြစ်တာ ၁လကျော်ရှိခဲ့ပါပြီ

ပုံမှန်ဝမ်းလျောဝမ်းကိုက်အူရောင်တာလောက်ဘဲဆိုပြီး  ပေါ့ပေါ့လေးတွေးပြီး ဒီတိုင်းအချိန်တန်ပျောက်မယ်ဆိုတဲ့စိတ်နဲ့နေခဲ့တာ တစ်လကျော်ကြာ လာတော့ အလုပ်တွေလဲထိခိုက်လာလို့  မတတ်နိုင်တံ့အဆုံးမှာ ကျေးဇူးတော်ကြောင့်လိုအပ်တဲ့ဆေးစစ်ကုသမှုတွေအချိန်မှီလုပ်နိုင်ခဲ့ပြီး

အခုတော့ သက်သာလာပါပြီ

ကြားထဲမှာ Short movies မရိုက်နိုင်ခဲ့တဲ့အပြင်

အလုပ်ကိစ္စတွေမှာပါနှောင့်နှေးခဲ့ရလို့ ပရိတ်သတ်တွေရော Client တွေကိုပါအားနာစကားပြောချင်ပါတယ်

??

အခုကသက်သာလာပေမယ့် ဓာတ်ခွဲခန်းပို့ထားတဲ့

အသားစအဖြေကောင်းဖို့အတွက် ဆုတောင်းမျှော်လင့်နေပါတယ်

မကြာခင်အချိန်အတွင်း ကျွန်တော့်Short movies လေးတွေကြည့်ချင်ကြတဲ့ကျွန်တော့်ကိုချစ်တဲ့ညီအစ်ကိုမောင်နှမတွေ အတွက်ရော Clients တွေအတွက်ပါ အလုပ်တွေပြန်လုပ်ရမှာဖြစ်လို့ အလွန်စိတ်လှုပ်ရှားနေပါတယ်

အမြဲ သတိတရနဲ့ဆုတောင်းပေး၊သတင်းမေးကြတဲ့ တစ်ယောက်ချင်းဆီကိုလဲကျေးဇူးတင်ပါတယ်လို့ဒီစာလေးနဲ့လေးစားစွာပြောချင်ပါတယ် 

ဘေးကနေဂရုစိုက် ပေးတဲ့ မိသားစုနဲ့ မိတ်ဆွေတချို့ကိုလဲကျေးဇူးတင်ပါတယ်လို့ ထပ်မံပြောပါရစေ

ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ ကို့ဘေးလူတွေကိုချစ်သလို၊ကို့အလုပ်တွေကိုချစ်သလို မိမိကိုယ်ကို လဲ ဂရုစိုက်ပြီးချစ်ဖို့လိုတယ်ဆိုတာ သုံးသပ်မိပါတယ်

ဒါမှသာ သူတို့အတွက် ကျန်းကျန်းမာမာနဲ့မားမားမတ်မတ်ရပ်တည်နေနိုင်မှာဖြစ်ပါတယ်

ဟိန်းမင်းသူ”

Hein Min Thu’s Facebook

ဟိန်းမင်းသူဟာလက်ရှိမှာ အူယောင်ရောဂါကို ခံစားနေရပြီး ဆေးရုံတတ်ကုသမှု ခံယူနေရတာပဲ ဖြစ်ပါတယ်။ အချိန်တစ်လလောက်အထိ ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ဟိန်းမင်းသူရဲ့ လက်ရှိအခြေအနေကိုပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။