တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ဘယ်အချိန်ကြည့်ကြည့် ငယ်ရွယ် နုပျိုနေတဲ့ မျက်နှာလေးကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ သူဖြစ်ပါတယ်။ 

Google
Google

Song Hye Kyo ရဲ့ မိခင်ဟာ အသက် ၁၈ နှစ်အရွယ် အထက်တန်းကျောင်းတတ်နေစဉ်မှာ လက်ထပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ လက်ထပ်ခဲ့တဲ့ Song Hye Kyo ရဲ့ အမေဟာ Song Hye Kyo (၃ ) တန်းကျောင်းသူ အရွယ်မှာ  ဖခင်ဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး Single Mother ဖြစ်ခဲ့ရပါတယ်။ 

Google

Song Hye Kyo ဟာ Single Mother မိခင်ကြီးနဲ့အတူ ဆင်းရဲလွန်းလှတဲ့ ဘဝကို ကြိုးစား ရုန်းကန်ခဲ့ပြီးအောင်မြင်တဲ့ မင်းသမီးတစ်လတ် ဖြစ်လာဖို့ များစွာ ကြိုးစားခဲ့ရသူ ဖြစ်ပါတယ်။  Song Hye Kyo ရဲ့ မိခင်ကြီးက သူမ သမီးလေးရဲ့ အချစ်ရေးအတွက်များစွာ စိုးရိမ်တဲ့သူဖြစ်ပြီး သမီးဖြစ်သူကိုလည်း သူမလိုမျိုး တစ်ခုလပ်မဖြစ်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တဲ့ သူဖြစ်ပါတယ်။ 

Google

သမီးဖြစ်သူ နာမည်ကြီး အနုပညာရှင်နဲ့ တွဲနေတုန်းကလည်း လူသိရှင်ကြား မလုပ်ဘဲ သိုသိုသိပ်သိပ် သာတွဲဖို့ မှာခဲ့ဖူးပေမယ့်လည်း ကံဆိုးစွာနဲ့  Song Hye Kyo ဟာ မိခင်ဖြစ်သူလိုမျိုး ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ရပါတယ်။

Google
Google

သားအမိနှစ်ယောက်ရဲ့ ကံကြမ္မာတွေက တူများတူနေလားလို့ မေးခွန်း ထုတ် ရတဲ့အထိ အိမ်ထောင်ရေး ကံမကောင်းလှတဲ့ မမ Song Hye Kyo တို့ သားအမိလေး အကြောင်းကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ရပါတယ်။ (စာသားများအား Copy ကူးယူမတင်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ -Myanmarload) 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။