တောင်ကိုရီးယား မင်းသမီး Park Shin Hye ဟာဆိုရင် သားဦးလေး မွေးပြီးနောက်မှာ ပထမဦးဆုံး မိသားစုနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံလေး ဝေမျှပေးလာပါတယ်။ 

Google

ဇွန်လ ၄ ရက်နေ့မှာ Park Shin Hye က သူမရဲ့ အင်စတာဂရမ် စတိုရီလေးပေါ်မှာ “မိသားစု” (Family♥) ဆိုတဲ့စာသားလေးနဲ့ သူမရယ် ၊ ခင်ပွန်းဖြစ်သူရယ်၊ သားလေးရယ်တို့ရဲ့ ဖိနပ်ပုံလေးကို တင်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမမိသားစုလေးဆီ ဖိနပ် လက်ဆောင်ပို့ပေးတဲ့သူကိုလည်း ကျေးဇူးတင်ကြောင်း ဆိုထားပါသေးတယ်။ 

Instagram 

ဓာတ်ပုံထဲမှာ အရွယ်အစား ချင်း မတူတဲ့ Sneaker လေး ၃ ရံကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖိနပ်လေးတွေထဲမှာ သူမခင်ပွန်းဖြစ်သူ မင်းသား Choi Tae Joon အတွက်က Size အကြီးဆုံးလေး ၊ သူမအတွက်က size အလတ်လေးဖြစ်ပြီး သားသားလေးအတွက်ကတော့ အသေးဆုံး ဖိနပ်လေး ဖြစ်ပါတယ်။ 

Google

Park Shin Hye နဲ့ Choi Tae Joon တို့က အခုနှစ် ဇန်နဝါရီလတုန်းက ခန်းနားတဲ့ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပြီး ပြီးခဲ့တဲ့မေလ ၃၁ ရင်နေ့မှာ ချစ်စရာသားဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။