ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က မိဘအုပ်ထိန်းသူတွေ ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိတော့တဲ့ ကလေးငယ်လေးများကို ရင်နှင့်သားကဲ့သို့ စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကိုအာကြီးလေးလို့ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ကိုခိုင်ထက်ဦးမောင်လေးလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ 

Khine Hnin Wai’s Facebook 

ကိုခိုင်ထက်ဦးမောင်လေးရဲ့ အဖြစ်ကလည်း တော်တော်သနားဖို့ ကောင်းပါတယ်။ ကိုခိုင်ထက်ဦးမောင်လေးကိုယ်ဝန်နဲ့ တုန်းက သူ့မေမေဖြစ်သူက ကိုခိုင်ထက်ဦးမောင်လေးကို မမွေးချင်တာကြောင့် ကိုယ်ဝန် ဖျက်ဆေးတွေသောက်ခဲ့တယ်လို့ သိရပါတယ်။ မိခင်သောက်ခဲ့တဲ့ ကိုယ်ဝန် ဖျက်ဆေး ဒဏ်တွေကြောင့် ကိုခိုင်ထက်ဦးမောင်လေးက မွေးလာခဲ့စဉ်ကတည်းက ပါးစပ်လေးပြဲပြဲလေး ဖြစ်နေခဲ့တာပါ။

Khine Hnin Wai’s Facebook 

 မွေးပြီးတော့လည်း မိခင်က ကိုခိုင်ထက်ဦးမောင်လေးကို မလိုချင်ခဲ့ပါဘူး။ ဒါကြောင့် ပရဟိတမင်းသမီး ခိုင်နှင်းဝေက အာကြီးလေးကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ခေါ်ယူ မွေးစားပြီး မိခင်အရင်းထင်ပိုတဲ့ မေတ္တာတွေ ပေးနေတာဖြစ်ပါတယ်။

Khine Hnin Wai’s Facebook 

မင်းသမီး ခိုင်နှင်းဝေက သူမချစ်ရတဲ့ သားလေး ကို အာကြီးရဲ့ ဗီဒီယိုလေးတွေ ၊ ဓာတ်ပုံလေးတွေကို အာကြီးလေးရဲ့ ပရိသတ်တွေအတွက် အမြဲ တင်ပေးနေကြဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း အာကြီးလေး ဘယ်သူမှ မရှိတဲ့နေရာကို ကြည့်ပြီး တစ်ယောက်ယောက်ရှိနေသလိုမျိုး လက်ဟန်ခြေဟန်နဲ့ စကားတွေ ပြောနေတဲ့ ဗီဒီယိုလေးတင်ပေးလာတာ ဖြစ်ပါတယ်။

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

ကလေးတွေက ဝိညာဉ်တွေ၊ လူကြီးတွေ မျက်စိနဲ့ မမြင်  ရတဲ့ အရာတွေကို မြင်ရတတ်တယ်လို့ ရှေးလူကြီးတွေကပြောဖူးပါတယ်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

ကိုအာကြီးလေးလည်း မျက်စိနဲ့ မမြင်ရတဲ့ အရာတစ်ခုခုကို ချိတ်ဆက်ဆက်သွယ်ပြီးများ မြင်နေခဲ့တာလားနော်။ ရိုးသားဖြူစင်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ကိုအာကြီး ခေါ် ကိုခိုင်ထက်ဦးမောင်လေးရဲ့ ထူးခြားတဲ့ဗီဒီယိုလေးကို စိတ်ဝင်စားဖွယ် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။