လူတူမရှား နာမည်တူမရှားဆိုသလိုပဲ တောင်ကိုရီးယားမင်းသမီး Park Shin Hye နဲ့ မျက်နှာချင်း လုံးဝ ချွတ်စွပ်တူတဲ့ တောင်ကိုရီးယား အဆိုတော် ၊ သရုပ်ဆောင်တစ်ယောက်ရှိပါတယ်။ သူကတော့ Ryu Hwa Young ပဲဖြစ်ပါတယ်။ 

Google
Google

သူတို့ နှစ်ယောက်ရဲ့ မျက်နှာတွေက ချွတ်စွပ်နီးပါးလောက် တူတယ်ဆိုပေမယ့် Park Shin Hye ရဲ့ အောင်မြင်မှုတွေကိုတော့ Ryu Hwa Young တစ်ယောက် လုံးဝကို အမှီမလိုက်နိုင်ခဲ့ပါဘူး။ 

Google

တောင်ကိုရီးယား မင်းသမီး Park Shin Hye ဟာဆိုရင် အောင်မြင်မှုတွေ အများကြီး ရရှိပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ Park Shin Hye တစ်ယောက် အောင်မြင်မှုတွေ အများကြီး ရရှိပိုင်ဆိုင်ထားတဲ့ အချိန် တစ်ဖက်မှာလည်းRyu Hwa Young ရဲ့ ပုံစံ အခြေအနေ က လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ 

Google
Google

Ryu Hwa Young ဟာ T-ara အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်ပြီး T-ara အဖွဲ့ကို ပျက်အောင် လုပ်တယ်ဆိုတဲ့အကြောင်း ပြချက်ကြောင့် မြွေမလို့ အခေါ် ခံခဲ့ရတာ ဖြစ်ပါတယ်။ 

Google

လွန်ခဲ့တဲ့ ၁၀ နှစ်က Hwa Young တစ်ယောက် T-ara အဖွဲ့ဝင်တွေကို အနိုင်ကျင့် နှိပ်စက်တယ်ဆိုတဲ့ သတင်းကြောင့်လည်း ပိုပြီး နာမည်ပျက် ခဲ့ရပါတယ်။ Ryu Hwa Young ရဲ့ တကယ့် အဖြစ်အပျက်ကို သိပြီးတဲ့နောက်မှာပရိသတ်တွေက အများကြီး တုန်လှုပ်ခဲ့ကြရပါတယ်။ Ryu Hwa Young ဟာဆိုရင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ရောအိုင်လ်ဒေါတစ်ယောက် အနေနဲ့ပါ အောင်မြင်မှု မရတဲ့ သူဖြစ်ပါတယ်။ 

Mad dog 
Google

နှစ်ပေါင်းများစွာ အနုပညာလောကထဲမှာ ကျင်လည်ခဲ့ပေမယ့် Park Shin Hye နဲ့ ရုပ်ချင်တူတယ်ဆိုတဲ့ စကားအပြင် အောင်မြင်မှု ကြီးကြီးမားမား မရခဲ့တဲ့ Ryu Hwa Young ရဲ့ ဘဝ အခြေအနေအကြောင်းကို စိတ်မကောင်းဖွယ် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။