တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင် ကြည်လင်အေးချမ်းတဲ့ မျက်နှာလေးနဲ့ ချောမောလှပလွန်းတဲ့ သူလေး ဖြစ်ပါတယ်။ ရုပ်ချောသလောက် သရုပ်ဆောင်လည်း ပိုင်နိုင်လွန်းလှတဲ့ မမ Son Ye Jin က ပြီးခဲ့တဲ့ မတ်လ၃၁ ရက်နေ့ကမှ တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Hyun Bin နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။လက်ထပ်ပြီးနောက်မှာလည်း Son Ye Jin နဲ့ Hyun Bin က ဟန်းနီးမွန်းခရီးထွက်ခဲ့ပြီး သာယာကြည်နူးဖို့ကောင်းတဲ့ချစ်ခရီးလမ်းလေး အတူတူ တည်ဆောက်ခဲ့ကြပါတယ်။ 

Google
Google

မကြာသေးမီကတော့ Son Ye Jin တင်လိုက်တဲ့ ဓာတ်ပုံလေးမှာလည်း ဗိုက်ကလေး ပူနေတာကြောင့် ပရိသတ်တွေက Son Ye Jin မှာ ကိုယ်ဝန်ရှိနေလားဆိုပြီးမေးလာပါတယ်။ သတင်းတွေ ထွက်ရှိပြီး မကြာမီမှာဘဲ အေဂျင်စီဘက်က မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ငြင်းဆိုထားပါတယ်။ မမ Son Ye Jin ကတော့ လက်ထပ်ပြီးနောက်မှာ စိတ်တွေချမ်းသာလွန်းလို့ ဗိုက်ကလေးတောင် ပူနေတာဖြစ်ပါတယ်။ 

Instagram
Instagram

ဒီကနေ့မှာ Son Ye Jin က သူမရဲ့ အိမ်ထောင်ရေး ဘဝက စိတ်ချမ်းသာဖို့ကောင်းပြီး ပျော်ရွှင်စရာကောင်းနေတဲ့အကြောင်းကို အင်စတာဂရမ် စာမျက်နှာလေးပေါ်မှာ ဝေမျှပေးထားပါတယ်။ 

Google
Instagram 

Son Ye Jin ဝေမျှပေးလာတဲ့ ပုံရိပ်လေးကတော့ သူမရဲ့ အချစ်တော် Kitty လေးနဲ့ အတူတူ လမ်းလျှောက်ထွက်နေတာလေးပဲဖြစ်ပါတယ်။ Kitty လေး က Son Ye Jin မင်္ဂလာပွဲမှာလည်း မင်္ဂလာဧည့်သည်အဖြစ် ရောက်ရှိလာသူလေး ဖြစ်ပါတယ်။

Google

Son Ye Jin ရဲ့ခွေးလေး Kitty ဟာဆိုရင် ပရိသတ်တွေကြားမှာ များစွာ နာမည်ကြီးတဲ့ သူလေး ဖြစ်ပါတယ်။ Son Ye Jin က အိမ်ထောင်ပြုပြီတဲ့ နောက်မှာလည်း ပျော်ရွှင်အေးချမ်းနေတယ်ဆိုတဲ့ အကြောင်းကို ခွေးလေး Kitty နဲ့လမ်းလျှောက်ထွက်ပြီး ပျော်ရွှင်နေတဲ့ ပုံလေးနဲ့ဝေမျှပေးထားတာဖြစ်ပါတယ်။  မမ Son Ye Jin ခွေးကလေး Kitty နဲ့ ပျော်ရွှင်နေတဲ့ အကြောင်းလေးကို အားလုံးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။