တောင်ကိုရီးယား ယောကျာ်းလေးများ အဆိုတော် အဖွဲ့ Shinhwa ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ Andy Lee ကတော့ မကြာမီအချိန်မှာ မင်္ဂလာဆောင်တော့မယ်လို့ သိရပါတယ်။ Andy Lee က သူ့ရဲ့ မင်္ဂလာပွဲကို ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပ ပြုလုပ်သွားမှာလို့ သိရပါတယ်။ မင်္ဂလာပွဲ မတိုင်ခင်မှာ Andy Lee က သူ့ရဲ့ ချစ်ဇနီးလောင်းလေးနဲ့ ရိုက်ကူးထားတဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေ ဖော်ပြပေးလာခဲ့ပါတယ်။

Google
Google

အဆိုတော် သရုပ်ဆောင် Andy Lee ဟာဆိုရင် Nonstop 4 ၊ Lovers in Prague ၊ Two Wives ၊ My Mother is a Daughter-In-Law စတဲ့ ဇာတ်လမ်းတွေ နဲ့ TV Show တွေတော်တော်များများ ထဲမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူဖြစ်ပါတယ်။

Google
Google
Google

Andy Lee က သူချစ်ရတဲ့ ပရိသတ်တွေဆီကို အခုနှစ် ဇန်နဝါရီလတုန်းက မင်္ဂလာဆောင်တော့မယ့်အကြောင်း အသိပေး ပြောကြားထားတာဖြစ်ပါတယ်။ Andy Lee ရဲ့ ကောင်မလေးက အစီအစဉ်တင်ဆက်သူ Lee Eun Joo လို့ သိရပြီး Andy Lee ထက် ၉ နှစ်ငယ်ပါတယ်။ ညီမလေးကို လက်ထပ်ယူတော့မယ့် Andy Lee က အသက် ၄၁ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ Andy Lee အနေနဲ့လည်း လက်ထပ်ရတော့မယ့် အရွယ်က မငယ်တော့ပါဘူးနော်။

Google
Google
Google

Andy Lee နဲ့ ချစ်ဇနီးလောင်းလေး Lee Eun Joo တို့ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကို Sien Marge Photography Studio က ရိုက်ကူးပေးထားတာဖြစ်တယ်လို့သိရပါတယ်။

Google
Google
Google

ကြည်နူးဖို့ကောင်းလွန်းလှတဲ့ Andy ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ အရမ်းချောတဲ့ ချစ်ဇနီးလောင်းလေးကို ပိုင်ဆိုင် သွားတဲ့အတွက် ဂုဏ်ယူပါတယ်နော် အားဂျူးရှီး Andy Lee ရေ ..

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။