.. ခိုင်နှင်းဝေဆိုတဲ့ပရဟိတ မင်းသမီးလေးကို အားလုံးပဲသိကြမယ်လို့ထင်ပါတယ်။ သူမဟာ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ပရဟိတလုပ်ငန်းတွေကိုပါ တက်တက်ကြွကြွလုပ်ဆောင်နေသူပါ။

သူမရဲ့ မိဘမဲ့ ကလေးဂေဟာလေးဟာလည်း အရမ်းကို ကြည်နူးစရာကောင်းပြီး လူတိုင်းအားကျလေးစားနေမှုကို ခံရသူလေးပါနော်။ သူထိန်းကျောင်းကျွေးမွေးပြုစုထားတဲ့ကလေးလေးတွေအများကြီးရှိသလို အားလုံးကိုလည်းမိခင်သဖွယ်စောင့်ရှောက်ပေးသူပါ။

စေတနာအကျိုးပေးတယ်ဆိုသလို သူ့ဂေဟာက‌ကလေးတွေကလည်း ခိုင်နှင်းဝေအပေါ်ချစ်ခင်ပြီး ကျေးဇူးသိတတ်ကြပါတယ်။ အမြဲလိုလို ကလေးလေးတွေနဲ့ သာယာကြည်နူးနေတဲ့ပုံလေးတွေ၊ ကလေးလေးတွေနဲ့အတူ ကစားပေးနေတဲ့ video လေးတွေကို သူမရဲ့ Facebook စာမျက်နှာမှာ မြင်ရတာက တကယ်ကို လေးစား ကြည်နူးစရာပါပဲနော်....

တခါတလေ ကလေးလေးတွေကို ပြုစုစောင့်ရှောက်ပေးပုံတွေမြင်ရတော့ အမေ့ရဲ့မေတ္တာအစစ်ဆိုတာ မွေးပြီးပစ်သွားတဲ့ မိဘတွေထက် ကျွေးမွေးစောင့်ရှောက်ပြီးတယုတယထိန်းသိမ်းပြုစုပေးတဲ့ သူက သာပိုစစ်မှန်မယ်ထင်ပါတယ်...

အခုလည်း တစ်နေရာမှာရှိနေမယ့်သမီးလေးမိဘတွေမြင်အောင် သူ့ဂေဟာမှာ မွေးစားထားတဲ့ သမီးလေးရဲ့ပုံကို တင်ပေးခဲ့ပါသေးတယ်... သူတင်ထားတဲ့စာလေးကတော့ " ကမ္ဘာကြီး တစ်နေရာက သမီးလေးရဲ့ မိဘတွေသာ စောင့်ကြည့်နေမယ်ဆိုရင် ဒီလိုရုပ်လေး ဒီလိုပုံလေးပါရှင်..

" အော် ပစ်သွားတယ်ပဲဖြစ်စေ မစောင့်ရှောက်နိုင်လို့ထားခဲ့တာပဲဖြစ်စေ၊ ‌အသက်ပေးပြီးမွေးသွားလို့ပဲဖြစ်စေ မိဘဆိုတာကတော့မိဘပါပဲ... တစ်နေရာက သမီးလေး‌မိဘတွေလည်း သမီးလေးကို မြင်နိုင်ပါစေ...

Source from Khine Hnin Wai's Facebook

Photos credit from Faceboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။