'Eve' ဇာတ်လမ်းမှာ တောင်ကိုရီးယား မင်းသမီး Seo Ye Ji နဲ့ တွဲဖက်ပြီး သရုပ်ဆောင်တဲ့ မင်းသားက အသက်ကြီးလွန်းနေတာကြောင့် Netizen တွေကြားမှာ ဝေဖန်ခံရမှု မြင့်တတ်လျက်ရှိပါတယ်။ 

Google

'Eve' ဇာတ်လမ်းမှာဆိုရင်တောင်ကိုရီးယား မင်းသမီး Seo Ye Ji နဲ့ မင်းသား Park Byung Eun တို့က အတွဲညီညီသရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ အသက်ကွာဟချက်က ၁၃ နှစ်ဖြစ်တဲ့အပြင် ဇာတ်လမ်းထဲမှာ bad scene တွေပါနေတာကြောင့် အသက်ငယ်ငယ် Seo Ye Ji လေးကို အဖိုးကြီးနဲ့ တွဲပြီး သရုပ်ဆောင်ခိုင်းရက်တယ်ဆိုပြီးပရိသတ်တွေက ဝေဖန်ထားကြတာဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီးယား မင်းသမီး Seo Ye Ji က အသက် ၂၈ နှစ် အရွယ်ရှိနေပြီဖြစ်ပြီး မင်းသား Park Byung Eun ကတော့ အသက် ၄၁ နှစ် အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အသက်ကွာဟချက်ကတော့ ၁၃ နှစ် ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက ဒေါသထွက်ပြီး ဝေဖန်ထားတဲ့ မှတ်ချက်တွေ အများကြီးပေးထားပါတယ်။ 

Google

“ဇာတ်ညွှန်းရေး ဆရာက ဘာကြီးလဲကွာ ..”” အသက်ကွာတာကြီးက ကြောက်ဖို့ကောင်းလိုက်တာ ..”  “လက်တွေ့မှာအသက် ၂၈ နှစ် အရွယ်လေးက ဒီလို မလုပ်ဘူး ..” “အသက်က ကွာလိုက်တာ ..” “ ဒါဘာ ရုပ်ရှင်ကြီးလဲ .. ရယ်ဖို့ကောင်းလိုက်တဲ့ ဇာတ်လမ်းကြီး” “ဒီဇာတ်လမ်းကို Korea Communications Commission ကိုတိုင်ပစ်မယ် “ စသည့်ဖြင့် ဒေါသထွက်နေတဲ့ မှတ်ချက်တွေ အများကြီး ဝင်ရေးထားကြပါတယ်။ 

Google
Google
Google

'Eve' ဇာတ်လမ်းထဲမှာ ဆိုရင် တောင်ကိုရီးယား မင်းသမီး Seo Ye Ji က အပိုင်း ၁ မှာတင် အသက် ၁၉ နှစ် အထက်ကြည့်ရတဲ့ Bed scene ကို ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။