နော်မာသထူးဝါးလေးဟာဆိုရင် ငယ်ငယ်လေး ကတည်းက အသံချိုချိုအေးအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ဂီတ ပါရမီ ရှိတဲ့ သူလေး ဖြစ်ပါတယ်။ သူမက ကရင်လူမျိုး တေးသံရှင်လေး ဖြစ်ပြီး မြန်မာမှာ သာမက တောင်ကိုရီးယားနိုင်ငံမှာပါ နာမည်ရနေတဲ့ သူလေး ဖြစ်ပါတယ်။

Youtube
Youtube
Youtube

နော်မာသထူးဝါးလေးက အသက် ၁၅ နှစ်အရွယ်သာ ရှိသေးပြီး သူမရဲ့ မိခင်ကြီး မမိုင် ကလည်း မကြာသေးမီကမှ အသည်းကင်ဆာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။

Martha Htoowah's Facebook

မိခင် ကြီး မရှိတော့တာကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကိုယ့် ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတော့မယ့် နော်မာသထူးဝါးလေးမှာ စောင့်ရှောင့်ပေးဖိုအတွက် မောင်လေး နှစ်ယောက်လည်း ကျန်ခဲ့ပါသေးတယ်။ မိဘ နှစ်ပါးလုံး ဆုံးပါးသွားပြီ ဖြစ်တဲ့ နော်မာသထူးဝါးလေးကို ဝိုင်းဝန်းအားပေးစောင့်ရှောက်ပေးကြတဲ့ သူတွေကလည်း အများကြီးပဲဖြစ်ပါတယ်။

Martha Htoowah's Facebook

နော်မာသထူးဝါးလေးက မိခင်ကြီး မမိုင်ရဲ့ ဈာပနအခန်းအနားပွဲမှာ ဝိုင်းဝန်း ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း သူမရဲ့ လူမှုကွန်ရက် စာမျက်နှာလေးပေါ်မှာ အခုလိုလေး ဖော်ပြပေးထားပါတယ်။

Martha Htoowah's Facebook
Martha Htoowah's Facebook
Martha Htoowah's Facebook

“မိုးမိုး (မေမေ့) နေရာလေးကိုလှပအောင် ပန်းလက်ဆောင်နှင့်အလှဆင်ပေးတဲ့ အန်တီပိုးပိုးနှင့် အန်တီမခိ၊ ဧည့်သည်တွေအတွက် ဒီနေ့အိမ်မှာမုန့်ဟင်းခါးချက်ပေးတဲ့တီးတီ (အန်ကယ်)သို ကျေးဇူးတင်ပါတယ်ရှင် ??

Save the date 2022 June 1st”

Martha Htoowah's Facebook

ရင်ထဲမှာ ပူလောင်နေပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားနေတဲ့ နော်မာသထူးဝါးလေး ကတော့ အရွယ်နဲ့ မလိုက်အောင် ချီးကျူး ဖို့ ကောင်းလွန်းတဲ့ သူလေး ဖြစ်ပါတယ်။ နောက်ထပ်လည်း ဘဝလောက ခရီးလမ်း မှာ နော်မာသထူးဝါးလေး အခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားနိုင်ပြီး အောင်မြင်မှုတွေ အများကြီး ရရှိလာနိုင်စေဖို့  ဆုတောင်းပေးလိုက်ပါတယ်။

Martha Htoowah's Facebook
Martha Htoowah's Facebook
Martha Htoowah's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။